Bago News

Bago News

နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်တွင် စစ်ကောင်စီတပ်အတွက် အလုပ်လုပ်ပေးနေသူ တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

အောက်တိုဘာလ ၆

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ် အောင်ရတနာရပ်ကွက်၊ ညောင်လှရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်အတွက် အလုပ်လုပ်ပေးနေသူ ဦးမြင့်ကြည်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ အောက်တိုဘာလ ၆ ရက် နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင်နတ်တလင်းမြိုနယ် တောင်ညို မြို့သစ် အောင်ရတနာရပ်ကွက်၊ ညောင်လှရွာတွင်နေထိုင်ပြီး ဆိုင်ကယ် ကယ်ရီသမားဟန် အ ယောင်ဆောင်ကာ အကြမ်းဖက်စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသဖြင့် သာယာဝတီခရိုင် တပ်ရင်း – ၃၈၀၁ ၊ တပ်ခွဲ-၂ (Phoenix DF) မှ သွားရောက်ဖမ်းဆီးခေါ်ဆောင်ရာ ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

၎င်းဦးမြင့်ကြည် ဆိုသူသည် အကြမ်းဖက်စစ်တပ်နှင့် ပူပေါင်းကာ အချိန်အခါမရှိ သွားလာလှုပ်ရှားခွင့် ရထားသူဖြစ်ပြီး တောင်သူလယ်သမားပြည်သူများကို PDF နှင့်ပူးပေါင်းသည်ဟု ဆိုကာ ခြိမ်းခြောက် ခြင်း၊ အကြမ်းဖက်စစ်သား၊ ရဲများထံ လိမ်ညာသတင်းပေးခြင်းတို့ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရ သည်။

 

နတ်တလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ပြည်သူကို အကာကွယ်ပေး၍ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်အသစ် ပေါ်ပေါက်လာသည် အထိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ စစ်အာ ဏာရှင်စနစ် သက်ဆိုးရှည်စေရေး အကောင်ထည်ဖော်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စစ်တပ် ဒေါက်တိုင်များ ၊ အကြမ်းဖက် စစ်‌သားများနှင့် အကြမ်းဖက်စစ်တပ်ခိုင်းစေခံ ရဲတပ်ဖွဲ့များကို အလျဉ်း သင့်သလို တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

PDF တပ်ဖွဲ့ဝင်အဖြစ်ထမ်းဆောင်ရန်ဝင်ရောက်လာသည့် အသက်မပြည့်သူ ကလေး ၄ ဦးကို မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှ PDF တပ်ဖွဲ့ဝင် အဖြစ်ထမ်းဆောင်ရန် ရောက်ရှိလာသည့် အသက်မပြည့်သူ ကလေးသူငယ် ၄ ဦးကို မိဘအုပ်ထိန်းသူများထံ...