Human Right News

Human Right News

တောင်ပိုင်းတိုင်း စစ်ဒေသနယ်မြေအတွင်း အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အသက် ၁၃ နှစ်အရွယ် တစ်ဦးအပါအဝင် ၂ ဦးသေဆုံး၊ စစ်မှုထမ်းရန် ဖမ်းဆီးခံရသူ ၈၇ ဦး ရှိ

 

D Day News

အောက်တိုဘာလ ၆

 

တောင်ပိုင်းတိုင်းစစ်ဒေသနယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်သတ်ဖြတ်မှု ကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း တောင်းပိုင်းတိုင်း စစ်ဒေသထံမှ သိရသည်။

 

ပြီးခဲ့သည့် ၇ ရက်အတွင်း အကြမ်းဖက် စစ်ကောင်စီ၏လက်ဝေခံအဖွဲ့များက အရပ်သား ပြည်သူ လူထုကို ပစ်မှတ်ထား၍ ပစ်ခတ်သတ်ဖြတ်ခဲ့ရာ အသက် ၁၃ နှစ်အရွယ် ကလေး ၁ ဦး၊ အသက် ၅၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး(ဦးခေါင်းထိမှန်ဒဏ်ရာ) စုစုပေါင်း ၂ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၄ ဦး အပါအဝင် ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Photo – စွယ်တော်ကုန်း အမြောက်တပ်စခန်းက ပစ်သည့် လက်နက်ကြီးကျည်ထိ၍ ပျက်စီး သွား သော ဖလူးကြီးကျေးရွာစာသင်ကျောင်းဆောင်

ထို့အပြင် စစ်မှုထမ်းအပတ်စဥ် ၆ အတွက် လူငယ်များကို အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခြင်းနှင့် ခြိမ်းခြောက်ငွေညှစ်ရန် ဖမ်းဆီးခြင်းခံရသူ ဦးရေ ၈၇  ဦးရှိပြီဖြစ်ပြီး စစ်ကောင်စီတပ်ဖျက်စီးမှုကြောင့် ပြည်သူပိုင်အဆောက်အဦးများ ပျက်စီးမှုနှုန်းမှာလည်း မြင့်တက်လျက်ရှိကြောင်း သိရသည်။

 

စစ်ကောင်စီတပ်သည် စစ်သားအင်အားဖြည့်တင်းရန် ရည်ရွယ်ချက်ဖြင့် လမ်းသွားလမ်းလာများကို သာမက၊ စက်ရုံအလုပ်သမားများ၊ လက်ဖက်ရည်ဆိုင်ထိုင်နေသည့် လူငယ်များကိုပါ ဖမ်းဆီးခေါ် ဆောင်နေပြီး စစ်မှုထမ်းစာရင်းပါသည့် လူငယ် မရှိပါကလည်း များပြားသည့်ငွေပမာဏ တောင်းခြင်း တို့ကို နေရာအများစုတွင် ပြုလုပ်နေကြောင်း သိရသည်။

 

ရေကြီးမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရောက်နေရသူများကိုပါ သန်းခေါင်စာရင်း ကောက်ယူရန်အကြောင်းပြချက်ဖြင့် အတင်းအဓမ္မ နေရပ်ပြန်စေပြီး အိမ်ထောင်စုစာရင်း ကောက်ခံ ခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

ယခု ရရှိထားသောအချက်အလက်များသည် ကောက်ခံရရှိသည့် စာရင်းကိုသာ အခြေခံထားခြင်း ဖြစ်ပြီး လက် တွေ့မြေပြင်တွင် အထက်ပါစာရင်းထက်ပိုများနိုင်ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသက သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ကန့်ဘလူမြို့နယ်တွင် စစ်သား၊ ပျူစောထီးများက ဆွံအပြည်သူတစ်ဦးအပါအဝင် အပြစ်မဲ့ ပြည်သူ ၉ ဦးကို ညှင်းပန်းနှိပ်စက်သတ်ပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီး   သံလွင်မြန်မာသတင်း ဇွန်လ ၂၇   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်သား၊ ပျူစောထီးများက ဆွံအပြည်သူတစ်ဦးအပါအဝင် အပြစ်မဲ့ ပြည်သူ ၉ ဦးကို...