Mon News

Mon News

စ်အာဏာရှင်စနစ်ကို အတူတကွပူးပေါင်းတိုက်ပွဲဝင်နိုင်ရန် မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ မွန်ပြည် တော်လှန်ရေးတပ်နှင့် မွန်ပြည်ကာကွယ်ရေးတပ်တို့ သဘောတူ

 

D Day News

ဧပြီလ ၈

 

စစ်အာဏာရှင်စနစ်ကို အတူတကွပူးပေါင်းတိုက်ပွဲဝင်နိုင်ရန် မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ မွန်ပြည် တော်လှန်ရေးတပ်နှင့် မွန်ပြည် ကာကွယ်ရေးတပ်တို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း မွန် ပြည်ဖက်ဒရယ်ကောင်စီ – MSFC က ထုတ်ပြန်သည်။

 

မွန်ပြည်သူတို့၏ သဘောဆန္ဒကို ဦးထိပ်ထားပြီး မွန်နိုင်ငံရေးနှင့် မွန်တော်လှန်ရေး အင်အားစုများ အကြား ညီညွှတ်ရေးကို ရည်သန်၍ စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်အမျိုးမျိုးကို အတူတကွပူး ပေါင်း တိုက်ပွဲဝင်နိုင်ရန်အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ မွန်ပြည်တော်လှန်ရေးတပ်နှင့် မွန်ပြည် ကာကွယ်ရေးတပ်တို့ တွေ့ဆုံဆွေးနွေးမှုကာ သဘောတူညီချက်များကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

 

“မွန်ပြည်တော်လှန်ရေးတပ်ကတော့ ကျနော်တို့ MSFC တပ်ဖြစ်တာပေါ့၊ မွန်ပြည်ကာကွယ်ရေး တပ် ကတော့ ကျနော်တို့ ဟိုးအရင်တုန်းကလည်းသူတို့နဲ့အလုပ်လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီနောက်ပိုင်း မှာတော့ စစ်ရေးကိစ္စမှာ ပိုမိုလုပ်ဆောင်လာနိုင်ဖို့ သူတို့နဲ့ သုံးလေးကြိမ်လောက်ဆွေးနွေးပြီးတော့မှ အခုလိုမျိုးပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်သွားဖို့ အဲလိုမျိုးသဘောတူခဲ့ကြတယ်၊ MSFC က တော့ ကျနော်တို့နိုင်ငံရေးအဖွဲ့အစည်းဖြစ်တာပေါ့နော်။ မွန်ပြည်တော်လှန်ရေးတပ်ကတော့ လက် နက်ကိုင်တပ်ဖြစ်တယ်၊ တော်လှန်ရေးတပ်ဖြစ်တယ်၊ သူတို့နဲ့နားလည်မှုအရ ဒီမွန်ပြည်ဖက်ဒရယ် ကောင်စီမှာ သူတို့ဘက်က‌ ခေါင်းဆောင်တွေ ကောင်စီထဲမှာလာပြီးတော့ ဒီနိုင်ငံရေး ကိစ္စတွေ၊ ကျ နော်တို့လုပ်နေတဲ့ ပြည်နယ်ယူနစ်ကိစ္စတွေ၊ ဒီမှာရှိတဲ့နိုင်ငံရေးကိစ္စတွေကို သူတို့ဝိုင်းလုပ်ပေးမယ်။” မွန်ပြည်ဖက်ဒရယ်ကောင်စီ – MSFC ၏ ပြောရေး ဆိုခွင့်ရှိသူ နိုင်မွန်စိုင်းက ပြောကြားသည်။

 

အဆိုပါ သဘောတူညီချက်များမှာ မွန်ပြည်ကာကွယ်ရေးတပ် – MSDF ၏ နိုင်ငံရေး၊ စစ်ရေးဦးဆောင် ကော်မတီ တာဝန်ရှိသူအချို့မှ မွန်ပြည်ဖက်ဒရယ်ကောင်စီ – MSFC တွင်ပါဝင်ပြီး နိုင်ငံရေးတာဝန် များကို ပူးပေါင်းတာဝန်ယူသွားမည်ဖြစ်ကြောင်း၊ မွန်ပြည်ကာကွယ်ရေးတပ် – MSDF ရေရှည်တည် တံ့ခိုင်မြဲရေးအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ – MSFC မှ ကူညီထောက်ပံ့မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် မွန်ပြည်တော်လှန်ရေးတပ် – MSRF နှင့် မွန်ပြည်ကာကွယ်ရေးတပ် – MSDFတို့သည် စစ် အာဏာရှင်နှင့် အာဏာရှင်စနစ်အမျိုးမျိုးကို အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားပြီး အချုပ်အခြာ အာဏာနှင့် ပြည့်ဝသော မွန်ပြည်ထူထောင်နိုင်သည်အထိ မဟာမိတ်တပ်များအဖြစ် အတူတကွပူး ပေါင်း တိုက်ပွဲဝင်သွားရန် သဘောတူခဲ့ကြောင်း သိရသည်။

 

“တပ်ဘက်ပိုင်းကျတော့ တပ်နဲ့တပ်အချင်းချင်းပူးပေါင်းဆောင်ရွက်မှုတွေလုပ်ကြမှာပေါ့၊ တပ်နဲ့တပ် အချင်းချင်းကြားမှာ ၃ ချက်တော့သဘောတူညီမှုရထားပါတယ်။ ပထမတစ်ချက်ကတော့ သင်တန်း ဆိုင်ရာ ကိစ္စရပ်တွေရှိလာရင် တဖက်နဲ့တဖက်အသိပေးကြဖို့၊ အသိပေးပြီးတော့မှ သင်တန်းတွေ အတူတူတက်နိုင်ဖို့၊ ဒုတိယအချက်အလက်ကတော့ သတင်းအချက်အလက်တွေဖလှယ်ဖို့နဲ့ စစ်ရေး အတွေ့အကြုံတွေ တပ်အချင်းချင်းဖလှယ်နိုင်ဖို့ဖြစ်တယ်၊ တတိယအချက်အလက်တော့၊ အခြေအနေ ပေးလာလို့ရှိရင် ပူးပေါင်းစစ်ဆင်ရေးတွေလုပ်ဆောင်နိုင်ဖို့ အဲလိုမျိုးသဘောတူညီချက်တွေတော့ရ ထားပါတယ်” မွန်ပြည်ဖက်ဒရယ်ကောင်စီ – MSFC ၏ ပြောရေး ဆိုခွင့်ရှိသူ နိုင်မွန်စိုင်းကရှင်းပြ သည်။

 

မွန်ပြည်တော်လှန်ရေးတပ် – MSRF နှင့် မွန်ပြည်ကာကွယ်ရေးတပ် – MSDF တို့ပူးပေါင်းကာ အခြေခံ စစ်သင်တန်းများနှင့် စစ်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများတွင် အတူတကွလုပ်ဆောင်သွားရန်၊ စစ် ဖက် ဆိုင်ရာသတင်းအချက်အလက်များနှင့် စစ်ရေးအတွေ့အကြုံများကို အပြန်အလှန် ဖလှယ်သွား ရန် ၊ စစ်ဆင်ရေးတိုက်ပွဲများပေါ်ပေါက်လာပါက မဟာမိတ်အသွင် အတူတကွ တိုက်ပွဲဝင်သွားရန် သဘောတူညီထားကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တော်လှန်ရေးအပေါ်ရှေးရှု၍ အဝေဖန်ခံရဆုံး NUG အစိုးရ၊ တာဝန်ရှိပုဂ္ဂိုလ်အချို့သည်အမှန်တကယ် အလုပ်လုပ်နေသူများဖြစ်ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ထုတ်ပြန်

တော်လှန်ရေးအပေါ်ရှေးရှု၍ အဝေဖန်ခံရဆုံး NUG အစိုးရ၊ တာဝန်ရှိပုဂ္ဂိုလ်အချို့သည်အမှန်တကယ် အလုပ်လုပ်နေသူများဖြစ်ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ထုတ်ပြန်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ တော်လှန်ရေးအပေါ် ရှေးရှု၍ အဝေဖန်ခံရဆုံး NUG အစိုးရ ၊ တာဝန်ရှိပုဂ္ဂိုလ်အချို့သည် အမှန်တ ကယ်အလုပ်လုပ်နေကြသူများဖြစ်ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က ထုတ်ပြန်သည်။ အမျိုးသားညီညွှတ်ရေးအစိုးရ- NUG နှင့် ပတ်သက်၍ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့ အ...