Federl Wings News

Federl Wings News

ကိုယ်ပိုင်ဒီဇိုင်းသစ်ဖြင့် တည်ဆောက်ထုတ်လုပ်ထားသည့် ဒရုန်းဖြင့် တိုက်ခိုက်နေပြီဟု Federal Wings အသိပေး

 

ရန်ကုန်၊ ဧပြီ ၈

 

ကိုယ်ပိုင်ဒီဇိုင်းအသစ်ဖြင့် တည်ဆောက်ထုတ်လုပ်ထားသည့် ဒရုန်းများဖြင့် အကြမ်းဖက်စစ်ကောင်စီ တိုက်ခိုက်နေပြီဖြစ်ကြောင်း Federal Wings က ထုတ်ပြန်အသိပေးထားသည်။

 

တိုက်ပွဲအတွင်း တွေ့ကြုံရသည့်အခက်အခဲနှင့်မြေပြင်လိုအပ်ချက်များကို ပေါင်းစပ်ကာ လိုအပ်ချက် နှင့်ကိုက်ညီစေရန် FW R&D အဖွဲ့များက ကိုယ်တိုင်ဒီဇိုင်းရေးဆွဲပြီး ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း၊ ကိုယ်ပိုင် ဒီဇိုင်းသစ်နှင့် တည်ဆောက်မှုပုံစံသည် ရိုးရှင်းပြီး တပ်ဆင်ရာတွင်လွယ်ကူမြန်ဆန်ကြောင်း သိရသည်။

 

ထို့အပြင် ပါဝင်သည့် အစိတ်အပိုင်းများ နည်းပါးသဖြင့် ယခင်ကိုယ်ထည်များထက် ၂၅% ခန့် ပိုမို ပေါ့ပါးကာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသများသို့ သယ်ဆောင်ရာတွင်  ကျောပိုးပြီး သယ်ဆောင်နိုင်ကြောင်း သိရသည်။

 

“ယခင်ကတော့ FW ဟာ စိုက်ပျိုးရေးသုံးဒရုန်းကိုယ်ထည်တွေကို မှာယူပြီး တိုက်ပွဲမှာအသုံးပြုဖို့ ထပ် ပိုးပြင်ဆင်ခဲ့ကြပါတယ်၊ ဒီလိုထပ်ပိုးပြင်ဆင်ရာမှာ မလိုအပ်တဲ့ ထပ်တိုးအလေးချိန်တွေ များပြားခဲ့ရ ပြီး ဒရုန်းတစ်စင်း ဆီကရသင့်တဲ့ စွမ်းရည်ကို အပြည့်အဝအသုံးမချနိုင် ဖြစ်ခဲ့ကြပါတယ် ယခု ကိုယ် ပိုင် ဒီဇိုင်းအသစ်မှာ အဲ့ဒီအားနည်းချက်တွေအကုန်လုံးကို ပြင်ဆင်လိုက်နိုင်ပါပြီ FW ဒရုန်းတွေရဲ့ ဆင့် ကဲ့ တိုးတက်လာမှုတွေကို ပုံတွေမှာ ပြထားပေးပါတယ်ကျွန်တော်တို့တွေ အမြဲကြိုးစားနေပါတယ်” ဟု Federal Wings က ပြောဆိုထားသည်။

 

ယခုကဲ့သို့ ကြိုးစားအားထုတ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ နည်းပညာကို အားကိုးပြု၍ မြေပြင် ရဲဘော်များ၏ အသက်ကို အတတ်နိုင်ဆုံးကယ်တင်နိုင်ရန်နှင့် ပြည်သူလူထုကို မထိခိုက်စေဘဲ ရန်သူ ကို တိတိကျကျ တိုက်ခိုက်နိုင်ရန်ဖြစ်ကြောင်း၊ လိုင်းပေါ်တွင် ကာလအတန်ကြာငြိမ်နေခဲသော်လည်း နောက်မှာ အလုပ်များ ဆက်တိုက်လုပ်ဆောင်နေကြောင်း Federal Wings က ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နမ္မတူမြို့ရှိ ပုဗ္ဗာရုံဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဘုန်း ကြီးကျောင်းပျက်စီး

နမ္မတူမြို့ရှိ ပုဗ္ဗာရုံဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဘုန်း ကြီးကျောင်းပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ရှိ ပုဗ္ဗာရုံဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း ပျက်စီးသွားကြောင်း TNLA သတင်းနှင့် ပြန် ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ ၇ ရက် နံနက် ၇ နာရီ ၃၃ မိနစ်က...