Mandalay News

Mandalay News

မန္တလေးဂေါဝိန်ဆိပ်မှ ထွက်လာသော စစ်သင်္ဘော ၃ စီးကို တိုက်ခိုက်မှု ၂ စီးထိမှန်ပြီး နောက်ပြန် ဆုတ်ပြေး

 

D Day News

အောက်တိုဘာ ၁

 

မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ် စစ်သင်္ဘော ၃ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ စီးထိမှန်ပြီး နောက်ပြန်ဆုတ်ပြေးသွားကြောင်း ယူနီကွန်းပြောက်ကျားတပ် ဖွဲ့ထံမှ သိရသည်။

 

စက်တင်ဘာလ ၂၈ ရက်နေ့က ကချင်ပြည်နယ်မှ စုန်ဆင်းလာသော စစ်သင်္ဘော ၅ စင်းကို ကြိုဆိုရန် မန္တလေးဂေါဝိန်ဆိပ်မှ ထွက်လာသည့် စစ်သင်္ဘော ၃ စင်းကို ဧရာဝတီမြစ်အတွင်း တနေရာ၌ အသင့် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ စီး ထိမှန်ပျက်စီးခဲ့ပြီး ကျန်တစ်စီးသာ ရှေ့ဆက်တက်၍ သွား ရောက်ကြိုဆိုနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – မိုင်းထိ၍ ကျွန်းတွင် ကပ်ကာ ပြင်ဆင်နေသော စစ်သင်္ဘော တစ်စီး

ထိုသို့ နောက်ကြောက်ပြန်ဆုတ်ပြေးသွားသော စစ်သင်္ဘော ၂ စီးသည် အနီးစပ်ရာ ကမ်းကို အမြန် ကပ်၍ လက်နက်ကြီး၊ လက်နက်ငယ်များရမ်းသမ်း ပစ်ခတ်ကာ သင်္ဘောပျက်စီးမှုအား အမြန်ပြုပြီး၍ ဂေါဝိန်ဆိပ်ကမ်းသို့ ပြန်လည့်သွားကြောင်း သိရသည်။

 

ကချင်ပြည်နယ်မှ ဆင်းလားသော စစ်သင်္ဘောများနှင့် သွား ရောက်ကြိုဆိုသည့် စစ်သင်္ဘောများသည် ထပ်မံတိုက်ခိုက်ခံရမည်ကို ကြောက်ရွံ့ကာ အခြားရေလမ်းကြောင်းပြောင်း၍ စုန်ဆင်းသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်းပျောက်ကြားတပ်ဖွဲ့နှင့် Acid LDF တပ်ဖွဲ့တို့ ပူးပေါင်းကာ ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ပခုက္ကူ - မြိုင်လမ်းတွင် စစ်တပ်က လေကြောင်းပစ်ကူယူ၍ အင်အား ထောင်ချီဖြင့် စစ်ကြောင်းထိုး၊ ပြည်သူများထောင်ချီ ထွက်ပြေးနေရပြီး ဘုန်းကြီးကျောင်း လေယာဉ်ဖြင့် ဗုံးကျဲခံရ   သံလွင်မြန်မာသတင်း ဇွန်လ ၂၅     မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ -မြိုင်လမ်းပိုင်းတွင် စစ်တပ်က လေကြောင်းပစ်ကူယူ၍...