AA News

AA News

ဘူးသီးတောင်အခြေစိုက် ခမရ ၅၆၄ တပ်ရင်းမှ ထွက်ပြေးသွားသည့် စစ်သားများကို လိုက်လံ တိုက် ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ဒုတပ်ရင်းမှူး ဇော်ဇော်အောင်ကို ဒဏ်ရာများဖြင့် အရှင်ဖမ်းမိ၊

 

D Day News

ဧပြီလ ၈

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စကခ ၁၅ လက်အောက်ခံ ခမရ ၅၆၄ တပ်ရင်းမှ ထွက်ပြေး သည့် အကြမ်းဖက်စစ်သားများကို လိုက်လံတိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ဒုတပ်ရင်းမှူး ဇော်ဇော်အောင်ကို ဒဏ်ရာများဖြင့် အရှင်ဖမ်းမိခဲ့ကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန်သည်။

 

ဧပြီလ ၅ ရက် ညနေ ၄ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်၊ ဘဒနာကျေးရွာအနီး၌ အကြမ်းဖက် ဖက် ဆစ် စစ်ကောင်စီတပ်၏ ဘူးသီးတောင် အခြေစိုက် စကခ ၁၅ လက်အောက်ခံ၊ခမရ ၅၆၅ တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ဇော်ဇော်အောင်ကို ဒဏ်ရာများဖြင့် အရှင်ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ရခိုင့်တပ်တော် ဆေးတပ်ဖွဲ့မှ လူသားချင်းစာနာစွာဖြင့် ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

 

ဖမ်းဆီးရရှိသူ ဇော်ဇော်အောင်သည် ခမရ ၅၆၅ တပ်ရင်းမှ ဒုတပ်ရင်းမှူးဖြစ်ပြီးDSA အပတ်စဉ် ၄၇ ကျောင်းဆင်းဖြစ်ကာ အသက် ၄၀ အရွယ်ခန့်ရှိပြီဖြစ်ကြောင်း၊ ဘူးသီးတောင်အခြေစိုက် အကြမ်း ဖက်စစ် ကောင်စီ၏ ခမရ ၅၆၄ တပ်ရင်းဌာနချုပ်အား ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်သည့် စခန်း သိမ်းတိုက်ပွဲမှ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ တစ်ဦး ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ခမရ ၅၆၄ စခန်းမှ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်တော်မှ လိုက်လံ တိုက်ခိုက် ချေမှုန်းလျက်ရှိရာ ယနေ့ ဧပြီလ ၇ ရက်နေ့ အထိ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော်ကို ထပ်မံချေမှုန်းနိုင်ခဲ့ကြောင်း၊ အခြားလွတ် မြောက်နေ သူများကိုလည်း ဆက်လက် လိုက်လံ တိုက်ခိုက် ချေမှုန်းလျက်ရှိကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဝက်လက်မြို့နယ်၊ အောက်တပ်သာရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၃၀ ခန့်သေဆုံးပြီး အများအပြား ဒဏ်ရာရ

ဝက်လက်မြို့နယ်၊ အောက်တပ်သာရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၃၀ ခန့်သေဆုံးပြီး အများအပြား ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အောက်တပ်သာရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ခန့် သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းထံမှ သိရသည်။ စက်တင်ဘာလ ၁၇ ရက်နေ့က မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ သံခွန်သင်္ဘောများဖြင့် ဧရာဝတီမြစ်...