Mon State News

Mon State News

အကြမ်းဖက်စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုကို အားပေးကူညီသူများအား ထိရောက် စွာ အရေးယူမည်ဖြစ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ထုတ်ပြန်

 

D Day News

အောက်တိုဘာလ ၁

 

အကြမ်းဖက်စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုကို အားပေးကူညီသူများအား ထိရောက် စွာအရေးယူမည်ဖြစ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ထုတ်ပြန်ကြေညာထားသည်။

 

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးရှိ ပြည်သူများမှ ဆန္ဒမဲပေး ခဲ့ပြီး အစိုးရသစ်အား ရွေးချယ်ခဲ့ပြီးဖြစ်သော်လည်း လက်နက်အားကိုးဖြင့် မတရား အကြမ်းဖက် အာ ဏာသိမ်းခဲ့သော စစ်ကောင်စီက ယခုတဖန် ရွေးကောက်ပွဲကျင်းပရန် ကြိုးစားအားထုတ်လာခဲ့ပြီး ထိုသို့ မတရားသည့် ရွေးကောက်ပွဲကျင်းပရန် လုပ်ဆောင်မှုကို ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) အဖွဲ့အနေဖြင့် လုံးဝ (လုံးဝ) လက်မခံကြောင်း ထုတ်ပြန်ထားသည်။

Photo –  သန်းခေါင်စာရင်းကောက်နေသော အကြမ်းဖက်စစ်တပ်အောက်ခံရဲနှင့်လဝကဝန်ထမ်းများ

တစ်နိုင်ငံလုံးကို စစ်ကျွန်ဇာတ်သွင်းပြီး အရပ်သားပြည်သူများ၏ အိုးအိမ်၊ စည်းစိမ်များအပြင် အသက် အန္တရာယ်ကိုပါ ထိခိုက်ဆုံးရှုံးစေသည့် တိုက်ခိုက်မှုများ၊စာသင်ကျောင်းများနှင့်ဘာသာရေးအဆောက် အုံများပါမကျန် လေကြောင်းမှ တိုက်ခိုက်မှုများ၊ မုဒိမ်း၊ လူသတ်၊ ပစ္စည်းလုယက်မှုများ အစရှိသည့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေသော စစ်ကောင်စီမှ ရွေးကောက်ပွဲကျင်းပ မည်ဟု ဆိုသည်မှာ ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရန် နှင့် ၎င်းတို့၏ အာဏာ သက်ဆိုးရှည်စေ ရန် ကြိုးစားအားထုတ်မှုဟု သတ်မှတ်ကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF က ပြော ကြားသည်။

 

သို့ဖြစ်ပါ၍ အဆိုပါ အကြမ်းဖက် စစ်ကောင်စီ၏ ရွေးကောက်ပွဲကျင်းပနိုင်ရန် ရည်ရွယ်ပြီး အိမ်ထောင် စုစာရင်းများ ကောက်ယူရန် ကြိုးစားအားထုတ်နေမှုကို ဝန်းရံပေးကြသူများ၊ ဝိုင်းဝန်းကူညီကြသူများ၊ ပံ့ပိုးအားပေးကြသူများနှင့် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ကိုင် ဆောင်ရွက်ပေးသူများအားလုံး (မည် သူ့မဆို) အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

မိဘပြည်သူများအနေဖြင့်လည်း အကြမ်းဖက် စစ်ကောင်စီမှ ကျင်းပမည့် ရွေးကောက်ပွဲအား ပျက် ပြယ်စေရန် အချက်အလက် အမှားများပေးခြင်း၊ ဖုန်းနံပါတ်များ အမှန်မပေးဘဲ ယာယီသုံး ဖုန်းနံပါတ် များ ဖြင့် အစားထိုးပေးခြင်း စသည့် ရွေးကောက်ပွဲ ပျက်စေမည့် နည်းလမ်းပေါင်းစုံကို အသုံးချခြင်း ဖြင့် စစ်ကောင်စီအား ဆက်လက် တော်လှန်ကြပါရန် ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF က တိုက်တွန်းထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာလမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာလမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၃ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအတွင်းရှိ ရွာလည်လမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်ခတ်သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ၊...