Chin State News

Chin State News

တနိုင်ငံလုံး စစ်ဘေး၊ ရေဘေးရင်ဆိုင်နေရချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ သန်းခေါင်စာရင်းများ ကောက်ယူရန် ပြင်ဆင်လာမှုသည် မိုက်ရူးရဲဆန်ပြီး အာဏာမက်မောမှုကို ပြသနေခြင်းဖြစ်ကြောင်း ချင်းညီနောင်ပြောဆို

 

D Day News

အောက်တိုဘာလ ၁

 

တနိုင်ငံလုံး စစ်ဘေး၊ ရေဘေးရင်ဆိုင်နေရချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ သန်းခေါင်စာရင်းများ ကောက်ယူရန် ပြင်ဆင်လာမှုသည် မိုက်ရူးရဲဆန်ပြီး အာဏာမက်မောမှုကို ပြသနေခြင်းဖြစ်ကြောင်း ချင်းညီနောင်ပြောဆိုလိုက်သည်။

 

ယနေ့ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့ အာဏာ သက်ဆိုးရှည်စေရေး အတွက်အသုံးချနိုင်ရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်းများ ကောက်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။

 

ယခုကဲ့သို့ ပြည်တွင်းစစ်မီးများဖြင့် တိုင်းပြည်မတည်မငြိမ်ဖြစ်နေပြီး ပြည်သူများအနေဖြင့် စစ်ဘေး၊ သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရချိန်တွင် ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲအတွက်၊ သန်းခေါင်စာရင်းကို အသုံးပြုကာ အတင်းအဓမ္မ စစ်သားစုဆောင်းရန်နှင့် စစ်အာဏာရှင် စနစ် သက် ဆိုးရှည်နိုင်မည့် အခြားကိစ္စရပ်များတွင် အသုံးပြုရန်အတွက် ရည်ရွယ်ပြီး သန်းခေါင်စာရင်းများ ကောက်ယူရန် ပြင်ဆင်လာမှုသည် မိုက်ရူးရဲဆန်ပြီး၊ စစ်ကောင်စီ၏ အာဏာမက်မောမှုကို ပြသနေ ခြင်း သာဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့က ပြောဆိုထားသည်။

 

ထို့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ မိဘပြည်သူများ အနေဖြင့် စစ်ကောင်စီ၏ အဓမ္မလုပ်ရပ် အပေါ် ကူညီပံ့ပိုးခြင်း၊ ပူးပေါင်းပါဝင်ခြင်းများ မပြုကြရန် တောင်းဆိုအပ်ပါကြောင်း၊  ထို့အပြင် ချင်း ပြည် နယ်၊ ချင်းညီနောင် လှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူရာ တွင် ပူးပေါင်း ပါဝင်သည့် မည်သူ့ကိုမဆို ချင်းညီနောင် အနေဖြင့် ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း သတိပေး ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာအုပ်စုအတွင်းရှိ လူငယ် ၁၃ ဦးထက်မနည်းကို စစ်တပ် ပေါ်တာဆွဲ ဖမ်းဆီးပြီး‌ ငွေဖြင့်ရွေးနိုင်သူ ၅ ဦးကို ပြန်လွှတ်ပေး

နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာအုပ်စုအတွင်းရှိ လူငယ် ၁၃ ဦးထက်မနည်းကို စစ်တပ် ပေါ်တာဆွဲ ဖမ်းဆီးပြီး‌ ငွေဖြင့်ရွေးနိုင်သူ ၅ ဦးကို ပြန်လွှတ်ပေး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၈ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာအုပ်စုအတွင်းရှိ လူငယ် ၁၃ ဦးထက်မ နည်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးပြီး ငွေဖြင့် ရွေးနိုင်သူ ၅ ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသနေပြည်သူများထံက သိရသည်။ ယမန်နေ့ ဩဂုတ်လ ၁၇ ရက် ညပိုင်းက နောင်ချိုမြို့နယ်၊...