Sagaing News

Sagaing News

ကောလင်းမြို့နယ်၊ ဥက္ကံကျေးရွာအရှေ့ အိုင်ကြီးလမ်းခွဲနေရာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

 

D Day News

အောက်တိုဘာလ ၁

 

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဥက္ကကျေးရွာအရှေ့ အိုင်ကြီးလမ်းခွဲနေရာကို အကြမ်းဖက်စစ်တပ် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၇ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကောလင်းခရိုင် အမှတ် ၂ တပ်ရင်းထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၃၀ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ကောလင်းမြို့နယ် အ နောက်ဘက်ခြမ်း ဥက္ကံကျေးရွာမြောက်ပိုင်းအား အကြမ်းဖက်စစ်ကောင်စီမှ ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၇ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့သည့် ဥက္ကံကျေးရွာသည် အရပ်သားပြည်သူများ သာ နေထိုင်ပြီး PDF တပ်ဖွဲ့လည်း လုံးဝမရှိသလို တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ကောလင်းခရိုင် အမှတ် ၂ တပ်ရင်းက ပြောဆိုထားသည်။

 

စက်တင်ဘာလ ၂၉ ရက် ည ၁၁ နာရီ ၁၀ မိနစ် ခန့်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပြည်သူများ သာ အေးချမ်းစွာနေထိုင်သည့် ကောလင်းမြို့နယ် အနောက်တောင် ဘက်ခြမ်း ရွာသစ်ကျေးရွာ အနီး ကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံးသီး ၂ လုံးကျဲချတိုက် ခိုက်ခဲ့ ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် ဒေသနေ ပြည်သူ အ များစုမှာ အလွန်အမင်းစိုးရိမ်ထိတ်လန့် နေကြပြီး ကျေးရွာတွင်းမနေထိုင်ရဲကြတော့ပဲ ရှောင်တိမ်း နေ ကြရကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါးလိုဆေးရုံကို စစ်တပ်က ၂ ရက်ဆက်တိုက် လေကြောင်း ကင်းထောက်ပြီး ဗုံးကျဲတိုက်ခိုက်မှု ကလေးတစ်ဦးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံပျက်စီး

ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါးလိုဆေးရုံကို စစ်တပ်က ၂ ရက်ဆက်တိုက် လေကြောင်း ကင်းထောက်ပြီး ဗုံးကျဲတိုက်ခိုက်မှု ကလေးတစ်ဦးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၇ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါးလိုဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် လေကြောင်း ကင်းထောက်ပြီး ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေး တစ်ဦးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံပျက်စီးသွားကြောင်း ဒေသနေပြည်သူများထံက သိရ သည်။ ယနေ့ ဩဂုတ်လ...