Poem

Poem

ကဗျာကဏ္ဍ “ကျွန်ယုတ်”

 

ပျိုးကြဲလက်

 

စစ်ကောင်စီ ယန္တရား

လည်အားမြှင့် ထောက်တိုင်လို။

 

ကျွမ်းကျင်ရာ ပညာရပ်နဲ့

ကျွန်ခံတတ်ကို။

 

ပြည်ပျက်မှ အမှုပို

စစ်မက်ဆို ကြောက်သလေး။

 

စစ်ခေါ်ရင် စစ်လာခင်းမယ်

မင်းတို့ခြောက်သေး။

 

စစ်ကျွန်ခံ နင့်ပျော်ပိုက်လို့

ခိုက်ပါပေါ့ ပြည်တခို။

 

ကျတ်တွင်းရေ တငုံလောက်

သောက်ချင်ပါ့ဆို။

 

အုပ်ကြီးနဲ့ သူသျှို

ဒလန်လို ပျူငနွား။

 

ရွှေမြေမှာ သန္ဓေပုတ်တယ်

ကျွန်းယုတ်မာများ။

 

ပျိူးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ ၂၁ ရက် ည ၁၀ နာရီ ၂ မိနစ်

Photo – စစ်ကောင်စီက စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနေစဉ်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “မယဉ်ချောမေ” အပိုင်း (၂)

ကဗျာကဏ္ဍ “မယဉ်ချောမေ” အပိုင်း (၂)

ဒီခေတ်ရှား   သို့/   မယဥ်ချောမေ   (၁) "တစ်ယောက်ရဲ့ အထိအရှကို တစ်ယောက်က မကြည့်ရဘဲ အိုမင်းသွားချင်ရင် အဲ့တာကို အချစ်လို့ခေါ်တယ်" မယဥ်ချောမေ။   ဒီကာလကြီးမှာတော့ အထိအရှကို မကြည့်မနေရကို ကြည့်နေရတာ။   ပေါင် ၅၀၀ ကြောင့် ကွာကျခဲ့ရတဲ့...