Magway News

Magway News

မြစ်ခြေရဲစခန်းနှင့် စစ်သာများနေထိုင်ရာ စခန်းများကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၃၀

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ရှိ ရဲစခန်းနှင့် စစ်သားများနေထိုင်ရာ စခန်းများကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း Black Egale Drone Force ထံမှ သိရသည်။

 

စက်တင်ဘာလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တွင် မြစ်ခြေရဲစခန်းနှင့် အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာများကို တော်လှန်ရေး တပ်ဖွဲ့များက ၂ ရက်ဆက် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Black Egale Drone Force ၊ ABSDF Column-3 နှင့် ဒေသ Drone တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ကာ စစ်ကြောင်း ထိုးနေမှုကြောင့် တိုက်ပွဲ ပြင်းထန်နေပြီး ပြည်သူထောင်ချီ စစ်ဘေးရှောင်နေရ

ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ကာ စစ်ကြောင်း ထိုးနေမှုကြောင့် တိုက်ပွဲ ပြင်းထန်နေပြီး ပြည်သူထောင်ချီ စစ်ဘေးရှောင်နေရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၂ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုးနေမှု ကြောင့် တိုက်ပွဲပြင်းထန်နေပြီး ပြည်သူထောင်ချီစစ်ဘေးရှောင်နေရကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူး ကြီးဘုန်းနိုင်က  ပြောကြားသည်။ ဩဂုတ်လ ၈ ရက်နေ့မှစ၍ လွိုင်ကော် - ဒီးမော့ဆို - ဖရူဆို...