CDM News

CDM News

ရန်ကုန်မြို့တွင် အတင်းအဓမ္မစစ်သားစုဆောင်းခံရသူပြီး ကရင်နီပြည်ရှေ့တန်းပို့ခံလိုက်ရသူ စစ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

 

D Day News

စက်တင်ဘာလ ၃၀

 

ရန်ကုန်မြို့တွင် အတင်းအဓမ္မစစ်သားစုဆောင်းခံရသူပြီး ကရင်နီပြည်ရှေ့တန်း တနေရာပို့ ခံလိုက် ရသူ စစ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်း ဝင်ရောက်ခဲ့ကြောင်း လွိုင်ကော် LPDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၂၉ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အစပ် ရှေ့တန်းတနေရာ၌ ရောက်ရှိ နေသော အကြမ်းဖက်စစ်ကောင်စီတပ်မှ အတင်းအဓမ္မ စစ်သားစုဆောင်းခံရသူ တပ်သား အေးချမ်း အောင်သည် Loikaw Local Pdf ထံသို့ ဆက်သွယ်ကာ ‌ MA -11 သေနတ် တစ်လက် ၊ ကျည်ဘောက် ၃ ဘောက်၊ ကျည်ဆံ ၂၄၇ တောင့် ၊ လက်ပစ်ဗုံး ၁လုံး ၊ ၁၄ မိုင်း ၁ လုံး တို့ယူဆောင် ၍ အလင်းဝင် ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူက ရန်ကုန်ကနေ တပ်သားစုဆောင်းခံရတာ။ ထိပ်ဆုံးစုဆောင်းခံရတဲ့ အစုတွေပေါ့၊ အပတ်စဉ် ၁ လို့ သိရတယ်။ သူက ရှမ်း – ကယားနယ်စပ်နေရာကနေ ကျနော်တို့ကို ဆက်သွယ်တာ၊ ဆက်သွယ် လာတော့ ကြာပြီ၊ အသေးစိတ်စိစစ်ပြီး အခုမှ ကျနော်တို့သွားခေါ်ခဲ့တာ၊ အခက်အခဲကြားထဲကနေ သွားခေါ်လာခဲ့တာ၊ အခုကတော့ ကျနော်တို့နားရောက်ပြီ။ ဆုချီးမြှင့်ဖို့က ချီးမြှင့်ပါတယ်၊ သူ့ကို့ အသိ အမှတ် ပြုတဲ့အနေနဲ့ပေါ့။ သို့ပေမယ့် ကျနော်တို့မှာက ငွေရေးကြေးရေးအခက်အခဲဖြစ်နေတယ်၊ အခု တော့ သူ့ကိုအားပေးထားပါတယ်။ဂုဏ်ပြုတာလည်းလုပ်ထားတယ်။” ဟု  လွိုင်ကော် LPDF တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီ၏ အတင်းအဓမ္မစစ်သားစုဆောင်းခံရသူများ၊ အကြမ်းဖက်စစ်ကောင်စီထံ တွင် ဆက်လက်လုပ်ဆောင်လိုခြင်းမရှိပဲ ပြည်သူနှင့်အတူ ရပ်တည်လိုသော စစ်ကောင်စီတပ်သား များအနေဖြင့် လွိုင်‌ကော်မြို့နယ်၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်ပြီး အလင်းဝင် ရောက်ကြပါရန် Loikaw Local PDF က ဖိတ်ခေါ်ထားသည်။

 

“နောက်ထပ်အလင်းဝင်မယ့်သူတွေကို တိုက်တွန်းဖိတ်ခေါ်ပါတယ်။ ကျနော်တို့နဲ့အတူတူ ပြည်သူ့ ဘက်ကို ပူးပေါင်းပါ။ စစ်ကောင်စီကလည်း မကြာခင်ကျဆုံးခန်းရောက်တော့မှာဖြစ်တယ်။ သူတို့ အင်အားတွေချည့်နဲ့နေပါပြီ။ ပြည်သူအချင်းချင်းလည်း မတိုက်ဖို့ရာအတွက် ပြည်သူ့ဘက်တော်သား တွေဘက်ကို အလင်းဝင်ရောက်ပူးပေါင်းခိုလှုံပါ။ ကျနော်တို့နဲ့အတူတူ လက်တွဲဆောင်ရွက်ပါလို့ ပြောချင်တယ်၊ ကျနော်တို့တော်လှန်ရေးက မြန်မြန်ပြီးဆိုရင် စကစ မြန်မြန်ပြုတ်ကျဖို့ဆိုရင် CDM တွေရဲ့အားက အများကြီးလိုတယ်။ အဲဒီတော့ အလင်းဝင်ရောက်လာမယ့်သူတွေအားလုံးကို နွေးထွေး စွာကြိုဆိုပါတယ်၊ ဒီရောက်လာရင်လည်း လုံလုံခြုံခြုံနဲ့ စိတ်ချမ်းချမ်းသာသာထားပါမယ့်” ဟု လွိုင်ကော် LPDF တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကတိုက်တွန်း ပြောဆိုသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်တပ်သင်္ဘောပေါ်မှ ဒုရဲအုပ်တစ်ဦးနှင့် စစ်မှုထမ်းတပ်သား ၂ ဦး တို့ ထွက်ပြေးလွတ်မြောက်လာပြီး PDF တပ်ဖွဲ့ထံ ခိုလှုံ

ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်တပ်သင်္ဘောပေါ်မှ ဒုရဲအုပ်တစ်ဦးနှင့် စစ်မှုထမ်းတပ်သား ၂ ဦး တို့ ထွက်ပြေးလွတ်မြောက်လာပြီး PDF တပ်ဖွဲ့ထံ ခိုလှုံ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၂ ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ ဆန်တက်လာသော စစ်တပ်သင်္ဘောများပေါ်မှ ဒုရဲအုပ်တစ်ဦးနှင့် စစ် မှုထမ်းတပ်သား ၂ ဦး ခုန်ချထွက်ပြေးလာပြီး PDF တပ်ဖွဲ့ထံ ဝင်ရောက်ခိုလှုံခဲ့ကြောင်း NUG ကာ ကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း...