Mandalay News

Mandalay News

ဆီမီးခုံမြို့ရဲစခန်းနှင့် စစ်သားများတပ်စွဲထားသည့် မီးသတ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

 

D Day News

စက်တင်ဘာလ ၂၉

 

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများ တပ်စွဲ ထားရာ ရဲစခန်းနှင့် မီးသတ်ရုံးတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဂျိုးဖြူပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၂၈ ရက် နံနက် ၉ နာရီခန့်က ဆီမီးခုံမြို့ရှိ ရဲများ တပ်စွဲနေထိုင်ရာ ရစခန်းနှင့် အကြမ်းဖက်စစ်သားများ တပ်စွဲနေထိုင်ရာ မီးသတ်ရုံးတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ မှ ဒရုန်း ၄ စီး ဖြင့် ဗုံးသီး ၅ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲများနေထိုင်ရာ ရဲစခန်းနှင့် မီးသတ်ရုံးတို့အတွင်း ကျရောက်ပေါက်ကွဲမှုရှိပြီး ထိခိုက်သေဆုံးမှု အတိအကျသိရှိနိုင်ရန် စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

“၅ လုံးချခဲ့တာ၊ ပစ်မှတ်နေရာတွေကို ထိတယ်။ ဗုံးသီးချတဲ့အချိန်မှာ လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်တာတွေရှိတယ်။ ကျနော်တို့ဘက်က လေယာဉ်တွေ၊ ရဲဘော်တွေထိခိုက်မှုမရှိခဲ့ပါဘူး။ ရဲစခန်းနဲ့ မီးသတ်ရုံးက ဘောလုံးကွင်းခြားထားတာ၊ စခစခန်းတွေရဲ့ အနီးအနားတဝိုက်မှာက ဆိုင် တွေ ပိတ်ထားပြီး လူတွေမနေကြတော့ဘူး။ အဲဒါကြောင့် ထိခိုက်သေဆုံးမှုက စုံစမ်းလို့မရသေးဘူး။” ဟု ရွှေဂျိုးဖြူပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ)၊ Aung San’s Blood Civilians Defense Force (ABCDF) နှင့် ဧရာဝတီမင်းသားပြောက်ကျားတပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဘူးသီးတောင်ထန်းရှောက်ခံရွာ၌ တွေ့ရှိရသော ရုပ်အလောင်းများမှာ တိုက်ပွဲအတွင်းသေဆုံးသွား သည့် စစ်သားများ၏ ရုပ်အလောင်းများဖြစ်သည်ဟု AA ပြော

ဘူးသီးတောင်ထန်းရှောက်ခံရွာ၌ တွေ့ရှိရသော ရုပ်အလောင်းများမှာ တိုက်ပွဲအတွင်းသေဆုံးသွား သည့် စစ်သားများ၏ ရုပ်အလောင်းများဖြစ်သည်ဟု AA ပြော

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၁ ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံကျေးရွာ၌ တွေ့ရှိရသော အလောင်းများမှာ တိုက်ပွဲ အတွင်း သေဆုံးသွားသော စစ်သားများ၏ ရုပ်အလောင်းများဖြစ်ကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင် သုခက ပြောကြားသည်။ ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်...