Magway News

Magway News

မြိုင်မြို့နယ်၊ ညောင်ဂျစ်ပင်ရွာမှ ပျူစောထီးများ ကင်းပုန်းထွက်လာစဉ် နင်းမိုင်းမိပြီး ၅ ဦး သေဆုံး၊ သေနတ် ၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

 

D Day News

စက်တင်ဘာလ ၂၉

 

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ညောင်ဂျစ်ပင်ရွာမှ ပျူစောထီးများ ကင်းပုန်းထွက်လာစဉ် နင်းမိုင်းမိပြီး ၅ ဦးသေဆုံးကာ ယင်းနေရာအား နယ်မြေရှင်းစဉ် သေနတ် ၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

စက်တင်ဘာလ ၂၇ ရက် နံနက် ၅ နာရီခန့်က မြိုင်မြို့နယ် ၊ တွင်းမပျူကျေးရွာမှ ညောင်ဂျစ်ပင် (ပျူစောထီး) ကျေးရွာသို့ အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်း ထွက်ခွာလာစဉ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များက ဆွဲမိုင်းဖြင့် တိုက်ခိုက်ရန် အသင့်စောင့်ဆိုင်းနေစဉ် အကြမ်းဖက်စစ်သားများက ဆွဲမိုင်းကြိုးများဖြတ်တောက်သွားသဖြင့် နံနက် ၁၁ နာရီ အချိန်တွင် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ထို့နောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ထပ်မံတိုက်ခိုက်ရန် ရှေ့မှကြိုတင်နေရာယူ၍ စောင့်ဆိုင်းခဲ့သော်လည်း ညောင်ဂျစ်ပင်ပျူရွာများ စစ်သားများက ၆၀ မမဖြင့် တပ်ဖွဲ့ဝင်များ နေရာ ယူထားသည့်နေရာများကို ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့်  နင်းမိုင်း၊ တိုက်မိုင်းများ ထောင်ထားခဲ့ကာ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ယင်းနေ့ည ၇ နာရီ ၃၀ မိနစ်အချိန်တွင် ညောင်ဂျစ်ပင်ရွာမှ ပျူစောထီး ၁၀ ဦးခန့်သည့် ကင်းပုန်းဝပ် ရန် ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသည့် နင်းမိုင်းမိကာ ၅ ဦးသေဆုံး ပြီး သေဆုံးဒဏ်ရာရရှိသူများကို သယ်ဆောင်ကာ ညောင်ဂျစ်ပင်ပျူရွာအတွင်းသို့ ပြန်ဝင်သွား ကြောင်း သိရသည်။

 

အဆိုပါ နင်းမိုင်းကွဲသည့်နေရာအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ စက်တင်ဘာလ ၂၈ ရက် နေ့တွင် နယ်ရှင်းလင်းရေး ဝင်ရောက်ခဲ့ရာ ပျူစောထီးများ ကိုင်ဆောင် အသုံးပြုုသည့် G-3 သေနတ် ၁ လက်၊ ၎င်းကျည် ၃၄ တောင့်၊ MA ကျည်ဘောက် ၁ ဘောက်နှင့် ၅.၅၆ ကျည် ၃၆၂တောင့်တို့ကို သိမ်း ဆည်းရမိခဲ့ပါသည်။

 

ညောင်ဂျစ်ပင်ပျူစောထီးကျေးရွာသို့ ရောက်ရှိနေသည့် အင်အား ၃၀၀ ခန့်ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည်လည်း စက်တင်ဘာလ ၂၈ ရက်နံနက် ၅ နာရီ ၃၀ မိနစ်အချိန်တွင် ယာဉ်တန်းဖြင့် ပခုက္ကူမြို့ တပ်မ ၁၀၁ အတွင်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို မြိုင်ပကဖ၊ ဧရာဒေါင်းပြောက်ကြားတပ်ဖွဲ၊ BLY ပြောက်ကြားတပ်ဖွဲ့နှင့် Black Cobra Force (ကမ္မတပ်ပေါင်းစု) တို့မှ ပူးပေါင်း စီစဉ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ လမ်းလယ်ကျစ်ကျေးရွာ၌ နာရေးအခမ်းအနားပြုလုပ်နေစဉ် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁၁ ဦးသေဆုံးပြီး ၄၀ ခန့်ထိခိုက်ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ လမ်းလယ်ကျစ်ကျေးရွာ၌ နာရေးအခမ်းအနားပြုလုပ်နေစဉ် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁၁ ဦးသေဆုံးပြီး ၄၀ ခန့်ထိခိုက်ဒဏ်ရာရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လမ်းလယ်ကျစ်ကျေးရွာ၌ နာရေးအခမ်းအနားပြုလုပ်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၁ ဦးသေဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထံမှ သိသည်။ ဩဂုတ်လ ၈ ရက် နံနက် ၈...