Yangon News

Yangon News

ရွှေပြည်သာမြို့နယ်၊ ၁၀ ရပ်ကွက်နှင့်စက်မှုဇုံကြား၌ ဆိုင်ကယ်များဖမ်းဆီးနေသော စစ်သား၊ ရဲ၊ ပျူစောထီးများကို မိုင်းခွဲတိုက်ခိုက်မှု ထိခိုက်မှုရှိ

 

D Day News

စက်တင်ဘာလ ၂၉

 

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၀ ရပ်ကွက်နှင့် စက်မှုဇုံကြား၌ ဆိုင်ကယ်များကို မတရား ဖမ်းဆီးနေသော အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိ ကြောင်း BLACK TIGER UG Team ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၂၈ ရက် ည ၇ နာရီ ၃၀ မိနစ်အချိန်က ရွှေပြည်သာမြို့နယ် အမှတ် ၁၀ ရပ် ကွက် နှင့် စက်မှုဇုံကြားရှိ ပြည်သူ့လူထုပိုင် ဆိုင်ကယ်များကို မ တရား ဖမ်းဆီး၍ ဖုန်းစစ်ဆေးကာ ငွေညှစ်နေသည့် အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို ပြင်းအားမြင့် မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ပျူစောထီးနှင့်ရာအိမ်မှူးများ ထိခိုက်မှုရှိပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

“နောက်ဆက်တွဲ ကြားသိရတာတော့ ထိခိုက်မှုရှိတယ်လို့ သိထားရတယ်။ အတိအကျတော့ စုံစမ်းနေ တုန်းပါ၊ သတင်းဖုံးထားတဲ့အတွက် စုံစမ်းရခက်တယ်။ မိဘပြည်သူတွေအနေနဲ့ စခ၊ ရခ တွေနဲ့ ဝေး ဝေး နေပေးကြဖို့၊ စကစရဲ့ မသမာတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ဖို့ သန်ခေါင်းစာရင်းကောက်ယူ ရေး ကူညီပေးနေတဲ့ ဒေါင်တိုင်တွေအားလုံးကိုလည်း ဆက်လက်အရေးယူသွားမယ်လို့ သတင်းစကား ပါး ချင်ပါတယ်” ဟု BLACK TIGER UG Team မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါတိုက်ခိုက်မှုကို BLACK TIGER UG Team ရဲဘော်များ နှင့် ရွှေပြည်သာ မြို့နယ် (ပကဖ) ရဲဘော် များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးအန္တရာယ် စွာဆုတ်ခွာနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ လမ်းလယ်ကျစ်ကျေးရွာ၌ နာရေးအခမ်းအနားပြုလုပ်နေစဉ် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁၁ ဦးသေဆုံးပြီး ၄၀ ခန့်ထိခိုက်ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ လမ်းလယ်ကျစ်ကျေးရွာ၌ နာရေးအခမ်းအနားပြုလုပ်နေစဉ် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁၁ ဦးသေဆုံးပြီး ၄၀ ခန့်ထိခိုက်ဒဏ်ရာရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လမ်းလယ်ကျစ်ကျေးရွာ၌ နာရေးအခမ်းအနားပြုလုပ်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၁ ဦးသေဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထံမှ သိသည်။ ဩဂုတ်လ ၈ ရက် နံနက် ၈...