Tanintharyi News

Tanintharyi News

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၂၇

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်းဘမွတ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ် ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ – တောဗုံးကြီး အဖွဲ့ထံမှ သိရသည်။

 

စက်တင်ဘာလ ၂၄ ရက် နံနက် ၇ နာရီ ၄၅ မိနစ်အချိန်က တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာ ဘက် သို့ အင်အား ၇၄ ဦးဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်ကို ကတဲလိပ်ဆီအုန်း ကုန်း အရောက် တောဗုံးကြီးအဖွဲ့မှ ဒရုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့သို့ ပစ်ခတ်တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီ၏ အမတ ၃၀၆ တပ်မှ ၈၁ မမ လက် နက်ကြီးဖြင့် ဗုံးသီး ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘန်းလမွတ်ကျေးရွာအတွင်သို့ ကျရောက်ပေါက်ကွဲ ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ဘန်းလမွတ်ကျေးရွာ၊ လယ်ဦးရေတံခွန်အနီးတွင် တောဗုံးကြီး တပ်ဖွဲ့မှရဲဘော်များနှင့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း တောဗုံးကြီးတပ်ဖွဲ့မှ ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိကာ ဝါချက်စတာ သေနတ် အမျိုး အစား ၁ လက်၊ ၄၀ မမ သေနတ် ၁ လက်၊ ၄၀ မမကျည် ၆ လုံး၊ ကာဗိုင်ကျည် ၂၀၀‌ တောင့်၊ ဆက်သွယ်ရေး icon စက် ၁ လုံးနှင့် ရဲဘော်တို့၏ ဖုန်း ၂ လုံး ဆုံးရှုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ – တောဗုံးကြီး အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့အရှေ့ဘက်သို့ အကြမ်းဖက်စစ်တပ်က ထပ်မံစစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲပြင်းထန် နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေ

ဖားကန့်မြို့အရှေ့ဘက်သို့ အကြမ်းဖက်စစ်တပ်က ထပ်မံစစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲပြင်းထန် နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့အရှေ့ဘက်သို့ အကြမ်းဖက်စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း KIA စစ် ရေးသတင်းရင်းမြစ်ထံက သိရသည်။ ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီခန့်က ဖားကန့်မြို့၊...