Mandalay News

Mandalay News

မြင်းခြံမြို့နယ်၊ ဖုံရွာကျေးရွာကို စစ်သားများက စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူ ၃ ဦးကို သတ်ဖြတ်ကာ ၎င်းတို့နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီး

 

D Day News

စက်တင်ဘာလ ၂၆

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဖုံရွာကျေးရွာကို အကြမ်းဖက်စစ်သားများက စစ်ကြောင်းထိုးဝင် ရောက်ပြီး ပြည်သူ ၃ ဦးကို သတ်ဖြတ်ကာ ၎င်းတို့ နေအိမ် ၃ လုံးကိုလည်းမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်ကထံက သိရသည်။

 

ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက် ၇ နာရီခန့်က မြင်းခြံမြို့၊ ခမရ ၁၅ တပ်ရင်းမှ အကြမ်းဖက် စစ်သား၊ ပျူစောထီးများသည် ဖုံရွာကျေးရွာသို့ အင်အား အများအပြားဖြင့် စစ်ကြောင်းထိုး ဝင် ရောက်ပြီး အသက် ၅၃ နှစ်အရွယ် ကိုအောင်ကျော်ဇင်၊ အသက် ၅၂ နှစ်အရွယ် ကိုရဲဝင်းနှင့် အသက် ၄၅ နှစ်အရွယ် ကိုကျော်စွာဝင်းတို့ကို ဖမ်းဆီးသတ်ဖြတ် ကာ ၎င်းတို့ ၃ ဦး၏ နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“လူတွေကိုသတ်သွားတယ်၊ သူတို့နေအိမ် ၃ လုံးကိုလည်း မီးရှို့ပစ်ခဲ့တယ်။ သူတို့ကို ဖမ်းသတ်ပြီး တော့ ပြန်ထွက်သွားတယ်။ တခြားသူတွေ ဖမ်းသွားသေးလား၊ မဖမ်းလာတော့ မကြားမိဘူး။ ရွာသူ ရွာသားတွေလည်း ထွက်ပြေးနေကြရတယ်။ သတ်ခံရသူတွေမှာ မိသားစုဘယ်နှစ်ယောက်ကျန်ခဲ့လဲ ဆိုတာ စုံစမ်းမရဘူး” ဟု ဒေသ သတင်းရင်းမြစ်က ပြောကြား သည်။

 

အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခံရသူများအနက် ကိုရဲဝင်းနှင့် ကိုကျော်စွာတို့သည် ညီ အစ်ကို အရင်းများဖြစ်ပြီး NLD အစိုးရ လက်ထက်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးအဖြစ်လုပ် ကိုင်ခဲ့သူ ဖြစ်ကြောင်း၊ ၎င်းတို့ကို သတ်ဖြတ်ပြီးနောက် သေဆုံးသူများ၏ လက်ထဲသို့ ဓားတစ် တစ်ချောင်း ထည့်ကာ ဓာတ်ပုံရိုက်ယူပြီး ပြန်ထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Yangon News

Yangon News

ရွှေပြည်သာမြို့မရဲစခန်းနှင့်‌ မြောက်ဥက္ကလာပမြို့နယ်ထွေအုပ်ရုံးရှိ စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု ရဲ ၂ ဦး ဒဏ်ရာရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၁၉   ရန်ကုန်မြို့၊ ရွှေပြည်သာမြို့မရဲစခန်းနှင့် မြောက်ဥက္ကလာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ တို့၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦ...