Magway News

Magway News

ရေစကြိုမြို့ပေါ်တွင် ကင်းစောင့်ရင်း ဖုန်းသုံးနေသော စစ်သား ၁ ဦးကို အနီးကပ်ဝင်ရောက်ကာ သေ နတ်ဖြင့်ထောက်၍ လက်နက်ခဲယမ်းများနှင့်အတူဖမ်းဆီး

 

D Day News

စက်တင်ဘာလ ၂၆

 

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် ကင်းစောင့်ရင်း ဖုန်းသုံးနေသော စစ်သား ၁ ဦးကို အနီးကပ်ဝင်‌ ရောက်ကာ သေနတ်ဖြင့်ထောက်၍ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း Myingayn Black Tiger (MBT) တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၂၉ ရက် ည ၉ နာရီခွဲအချိန်တွင် ရေစကြိုမြို့၊ Myingayn Black Tiger (MBT)တပ်ဖွဲ့၏ အမှတ် – ၁ စစ်ဆင်ရေး ရဲဘော်များမှ ကင်းပတ်စစ်ဆေးမှုများ ပြုလုပ်စဉ် ရေစကြို မြို့ ၊ အမှတ် ၈ သုခဝတီရပ်ကွက် ၊ ကပ်ကျော်ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများ အ နက်ကင်းစောင့်ရင်း ဖုန်းသုံးနေသော တပ်သား တစ်ဦးအား အနီးကပ် ဝင်ရောက်ကာ သေနတ်ဖြင့် ထောက်၍ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူ့လူတွေ တစ်ယောက်မှ မသိလိုက်ဘူး။ သူဖုန်းသုံးနေတုန်း ကျနော်တို့ ရဲဘော်တွေက အနီးကပ် ဝင်ပြီးတော့ သေနတ်ထောက် အသာလေး ကုတ်ခေါ်ပြီး ထွက်လာခဲ့လိုက်တာ၊ ပြီးတော့မှ ညီတို့ဒီ ဘက်ကမ်းကို ပြန်ရောက်မှ သေနတ်တွေနဲ့ လျှောက်ပစ်နေကြတာ။ အဲဒီအချိန်ကျမှ သူတို့သိတာထင် တယ်။ သူကျူးလွန်ထားတဲ့ ပြစ်မှုတွေက တော့ စုံစမ်းစစ်ဆေးနေတုန်းပဲ၊ မသိရသေးဘူး။ သူရဲ့ ပြစ်မှု ပေါ်မှာ မူတည်ပြီးတော့ပဲ အပြစ်ပေးအရေး ယူသွားမှာပါ” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

 

လက်ရှိအချိန်တွင် ဖမ်းဆီးရရှိသော စစ်သားအား စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ၎င်းကျူးလွန်ခဲ့ သော ပြစ်မှုအလျောက်က် အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

 

Myingyan Black Tiger (MBT) မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်းအနေဖြင့် စစ်အာဏာရှင်စနစ်အား ယခုထက် ပိုမိုထိရောက်စွာ တိုက်ခိုက်သွားမည်ဖြစ်ပြီး ထိုသို့ တိုက်ခိုက်နိုင်ရန်အတွက် MBT တပ်ဖွဲ့မှ ခေါ်ယူထားသော * End Point *ကမ်ပိန်းအား မိဘပြည်သူများအနေဖြင့် ပူးပေါင်းပါဝင် ကူညီပေးရန် အထူးပင်မေတ္တာရပ်ခံထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Shan State News

Shan State News

MNDAA နှင့် SSPP/SSA တို့ကြားဖြစ်ပွားခဲ့သည့် ပြသနာများကို တွေ့ဆုံညှိနှိုင်းပြီး ပြေလည်မှုရ   သံလွင်မြန်မာသတင်း ဇွန်လ ၂၀   ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာအမျိုးသား အမှန်တရားနှင့် တရားမျှတမှုပါတီ/မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်တော် (MNTJP/MNDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည် တပ်မတော် (SSPP/SSA) ဖြစ်ပွားခဲ့သည့်...