Weather News

Weather News

ရေကြီး ရေလျှံ မြေပြိုမှုများကြောင်း စပါးစိုက်ခင်းများပျက်စီးကာ ဆန်ရှားပါးမှု ကြုံတွေနိုင်

 

D Day News

စက်တင်ဘာလ ၂၆

 

မြန်မာနိုင်ငံတွင် ရေကြီး ​ရေလျှံ မြေပြိုမှုများဖြစ်ပွားခဲ့မှုကြောင့် စပါးစိုက်ခင်းပေါင်းများစွာ ပျက် စီးသွားသဖြင့် ဆန်၊ စပါး ရှားပါးသွားနိုင်ကြောင်း စပါးစိုက်ပျိုးသည့် အသက် ၈၅ နှစ်အရွယ် တောင်သူတစ်ဦးက သုံးသပ်ပြောကြားသည်။

 

” အခု မိုးစပါးတွေ ပျက်စီးကုန်တယ် ရိုးရိုးပျက်စီးတာ မဟုတ်ဘူး ရေကြီးပြီး ရွှံ့တွေပါ များတော့ ဆောင်းစပါးစိုက်ဖို့လဲ မျှော်လင့်လို့မရဘူး ။စပါးက ၁၂ ရာသီ စိုက်လို့ရတယ်ဆိုပေမယ့် ဒီအခြေ အနေကြီးက အရာအားလုံး ဆုံးရှုံးထားတော့ ပြန်စဖို့ခက်ခဲနေတယ်။ ဒီတိုင်းဆို ဆန် ပြတ်သွားနိုင် တယ်”ဟု ၎င်းကပြောဆိုသည်။

စက်တင်ဘာလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် တိုင်ဖွန်းမုန်တိုင်း “ယာဂိ”ကြောင့် မိုးရွာသွန်းမှု အလွန်များခဲ့သောကြောင့် ရေကြီးရေလျှံမှုများ ဆိုးဆိုးရွာရွာဖြစ်ပေါ်ခဲ့ပြ ယခုချိန်အထိ နာလန်ပြန်ထူ နိုင်ရန် ကြိုးစားနေကြရဆဲဖြစ်ကာ ယခင်ကဲ့သို့ ပြန်လည်ဖြစ်လာနိုင်ရန် ကြာမြင့်သွားနိုင်သော ကြောင့် စားဝတ်နေရေး အခက်အခဲများ ပုံမှန်ပြန်ဖြစ်လာရန် နှစ်ချီ ကြာမြင့်သွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒက ထုတ်ပြန်ထားသည်။

 

ဧရာဝတီတိုင်း ရွှေဘိုမြို့နယ်ရှိ စပါး စိုက်ခင်း အနည်းငယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ရွှေညောင်မြို့ နယ်ရှိ စပါးစိုက်ခင်း အနည်းငယ်ကျန်ရှိကြောင်း၊ ကျန်ရှိနေသော စပါးစိုက်ခင်းများမှ ဝန်းလုံးချိန်သို့ ရောက်ရှိနေသော်လည်း အဖျက်ပိုးများကျရောက် လျက်ရှိပြီး အခြားရောဂါပိုများ မကျရောက်နိုင်ရန် ကာကွယ်နေရကြောင်း စိုက်ပျိုးရေး ကွင်းဆင်းလေ့လာသူများနှင့် တောင်သူများထံမှ သိရသည်။

 

“ရေကြီးတာ အရမ်းဆေိုးတယ် မြန်မာပြည် အထက်ပိုင်း အောက်ပိုင်း စပါးတွေ အကုန်သေပဲ ။ ကျန်တာဆိုလို့ ရွှေဘို တစ်ကြော နှင့် ရှမ်းပြည်ဘက် ရှိမယ် ။ ကျန်နေတဲ့ စပါးတွေ သေခြာစာရင်းပြု စုမှရမယ်”ဟု စိုက်ပျိုးရေး ကွင်းဆင်းလေ့လာသူတစ်ဦးက ပြောကြားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
PDF News

PDF News

BPLA အပတ်စဉ် ၉ သင်တန်းဆင်းပွဲသို့ NUG ဝန်းကြီး ဒေါက်တာဇော်ဝေစိုး ၊ TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ IEC ဒုဥက္ကဌ ခွန်းဘီထူး ၊ ABSDF ဒုဥက္ကဌနှင့် AA မှ တပ် မှူးတစ်ဦးတို့ တက်ရောက်   သံလွင်မြန်မာသတင်း...