Mying News

Mying News

မြိုင်မြို့နယ်တွင် ရဲတပ်သား တစ်ဦး သေနတ် ၂ လက်၊ခဲယမ်းများနှင့်အတူ အလင်းဝင်လာပြီး စစ် ကောင်စီကို ပြန်လည်တိုက်ခိုက်မည်ဖြစ်သဖြင့် ဖောက်ခွဲပညာသင်ကြားပေး

 

D Day News

ဧပြီလ ၇

 

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲတပ်သားတစ်ဦး သေနတ် ၂ လက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မည်ဖြစ်သဖြင့် ဖောက်ခွဲရေးပညာသင်ကြားပေးလျက်ရှိကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

ဧပြီလ ၄ ရက် မွန်းလွဲ ၂ နာရီခန့်က ရဲတပ်သား တိုးပြည့်ချမ်းသာသည် G-3 သေနတ် ၁ လက်၊ ကျည် ဘောက် ၁ ခု နှင့် ၎င်းကျည် ၁၀၅ တောင့်၊ စက်လက်သေနတ် ၁ လက်၊ ဘောက်ဝိုင်း ၁ ခု၊ ၎င်းကျည် နှင့် ၅၀၃ တောင့် တို့ကို ယူဆောင်ကာ မြိုင်ပကဖထံသို့ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

 

ထိုသို့ အလင်း‌ဝင်ရောက်လာသဖြင့် ဆုကြေး ငွေကျပ် သိန်း ၁၅၀ ဆုချီးမြှင့်ထားရှိပြီး လွတ်မြောက် နယ်မြေသို့ ပို့ဆောင်မည်ပြောဆိုသော်လည်း သွားရောက်လိုခြင်း မရှိဘဲ အကြမ်းဖက် စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်လိုကြောင်း ပြောဆိုသဖြင့် ထုတ်လုပ်ရေးစခန်း၌ ဖောက်ခွဲရေးပညာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့က ကမ္မအောက်ဆီဂျင်အဖွဲ့မှ ရဲဘော် ကျောင်းသားနှင့် မြိုင်ပကဖမှ ရဲဘော် ဘိုးတော်တို့ စစ်ကောင်စီတပ်သားအဖြစ် အသွင်ယူဆောင်ခဲ့စဉ်က ရဲတပ်သား တိုးပြည့်ချမ်း သာနှင့် ချိတ်ဆက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က သီတင်းကျွတ်လပြည့်နေ့ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအ ဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ...