Bago News

Bago News

အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့နေပြည်သူများကို အရပ်ဝတ်ဖြင့်ပေါ်တာဆွဲနေသည့် ရဲများကို တိုက်ခိုက်မှု စခန်းမှူးဇော်ဝင်းအပါအဝင် ၂ ဦးသေဆုံး၊ စစ်တပ်က ပြည်သူနေအိမ် ၃ လုံးကို မီးရှို့ ဖျက်ဆီး

 

D Day News

စက်တင်ဘာလ ၁၇

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့နေပြည်သူများကို အရပ်ဝတ်ဖြင့် ပေါ်တာဆွဲနေသည့် ရဲများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းမှူးဇော်ဝင်းအပါအဝင် ၂ ဦးသေဆုံးခဲ့ ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၁၆ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့နေ ပြည်သူများကို ပေါ်တာဆွဲဖမ်းဆီးရန် အေးမြသာယာရဲစခန်းမှ အရပ်ဝတ်ဖြင့် ခြေလျင်လာသည့် အင် အား ၅ ဦးပါ အဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အထက်တန်းကျောင်းရှေ့ လမ်းပေါ်၌ အသင့်စောင့်ဆိုင်ပစ်ခတ်ခဲ့ရာ စခန်းမှူးဇော်ဝင်းနှင့် ၎င်း၏လက်အောက်အလုပ်လုပ်ပေးနေသူ ကို သက်တို့ နေရာမှာပင်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ သေဆုံးသွားသော အကြမ်းဖက်စစ်တပ်လက်အောက်ခံတပ်သာများထံမှ လက်ပစ်ဗုံး ၁ လုံး၊ ၀စီ ၁ ခု၊ ငွေသား ၁၈၀၅၀၀ ကျပ်၊ မှတ်ပုံတင် ၁ ခု၊ ယာဥ်မောင်းလိုင်စင် ၁ ခု၊ ရဲဝန်ထမ်းအရာရှိ ကဒ် ၁ ခု၊ လဝက သက်သေခံကဒ် ၁ ခု၊ ပေါ်တာဆွဲရန် နာမည်ရေးထားသည့် စာရင်းစာရွက် ၁ ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျား တပ်ဖွဲ့-အုတ်ဖို ၏ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ည ၁၀ နာရီအချိန် အေးမြသာယာမြို့မှ ပြည်သူ့ကာကွယ်ရေး ရဲဘော်များ ပြန်လည်ဆုတ်ခွာလာစဥ် မြို့ပြင်၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ထိတွေ့တိုက်ပွဲထပ်ဖြစ်ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲသည် ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အထိနာသွားသော အကြမ်းဖက်စစ်သားများက ပြည် သူပိုင်နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို အနေဖြင့် ပြည် သူများနှင့်တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသည့် အကြမ်းဖက်စစ်သားများနှင့် ထောက်တိုင် များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သားများ၊ ထောက်တိုင်များအနီးသွားလာနေထိုင်ခြင်းမပြုကြပါရန် ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီး ဂိတ်ချဆက်ကြေးကောက်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးပွဲချင်းပြီးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁၇   မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီးတွင် ဂိတ်ချကာ ဆက်ကြေးကောက် နေသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃...