Sagaing News

Sagaing News

ဒီပဲယင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများကို လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၁၇

 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများထိခိုက်သေဆုံးမှုရှိကြောင်း အဖြူရောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက ဒီပဲယင်းမြို့၊ ကုန်းသာဦးကျောင်းတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက ၆၀ မမ စိန်ပြောင်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက် သေ ဆုံး မှုရှိပြီး အရေ အတွက် အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

https://youtu.be/Xany3fllU1E

အဆိုပါ တိုက်ခိုက်မှုကို ဒီပဲယင်းမြို့နယ် အဖြူရောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) အဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ပစ်ခတ် တိုက်ခိုက်ပြီးနောက် အ ကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ဒီပဲယင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ပြန်လည် ဝင်ရောက် လာသော အကြမ်းဖက်စစ်သားများသည် ဒီပဲယင်းမြို့​ပေါ်ရှိ ပြည်သူ့​အိမ်များကို မီးရှို့ဖျက်ဆီး ပစ်ခဲ့ ဖြင့် မြို့ပေါ်နေပြည်သူများမှာ မြိုု့တွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ခြင်းမရှိသေးပဲ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခကို ရှော့တိုက်ဒုံံးဖြင့် တိုက်ခိုက်မှု အရာရှိ ၂ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ဆီဂိုဒေါင်နှင့် အရံစက်ပစ္စည်းဂိုဒေါင်တို့ မီးလောင်ပျက်စီး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၁၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ရာ...