Myawaddy City News

Myawaddy City News

မြဝတီမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ခလရ ၂၇၅ တပ်ရင်းတစ်ခုလုံး အလံဖြူ ထောင်အလင်းဝင်

 

D Day News

ဧပြီလ ၆

 

 

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ခလရ ၂၇၅ တပ်ရင်း တစ်ခုလုံး အလံဖြူထောင်အလင်းဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်များနှင့် ကျားဖြူ စစ်ကြောင်းက အသိပေးထား သည်။

 

ယမန်နေ့ ဧပြီလ ၅ ရက်နေ့က မြဝတီမြို့အနီး၊ သင်္ဃန်းညီနောင်အခြေစိုက် အခြေချဗျူဟာစခန်းကို KNLA နှင့် တော်လှန်ရေးအင်အားစုများက ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ယနေ့ ဧပြီလ ၆ ရက်နေတွင် မြဝတီမြို့ရှိ ခလရ ၂၇၅ တပ်ရင်းကို တိုက်ခိုက်ရန် ဝိုင်းဝန်းပိတ်ဆို့ထားစဉ် အလံဖြူ ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့သို့ ခလရ ၂၇၅ တပ်ရင်း တစ်လုံး အလံဖြူထောင် လက်နက်ချလိုက်ပြီး မြဝတီမြို့ကို သိမ်းပိုက် လိုက်ပြီဟု သတင်းများ ထွက်ပေါ်ပြီးနောက် “၂၇၅ အလံဖြူထောင်ပြီ (၄၀၀) ” ဟု ကျားဖြူစစ် ကြောင်းက အသိပေးထားခြင်းဖြစ်သည်။

 

မြဝတီမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖုန်းလိုင်းများဖြတ်တောက်ထားပြီး ခလရ ၂၇၅ တပ် ရင်း သိမ်းပိုက်ရရှိပြီးပါက မြဝတီမြို့အနီးတဝိုက်တွင် အကြမ်းဖက်စစ်တပ်အထိုင် စခန်းများ မရှိတော့ကြောင်း သိရသည်။

 

Photo – သင်္ဃန်းညီနောင်ဗျူူဟာစစ်စခန်းနှင့် ခမရ ၃၅၇ တပ်ရင်းမှ သိမ်းဆည်းရရှိသော လက်နက် ခဲယမ်းများ။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့်ဖယ်ခုံမြို့နယ်တို့တွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်မှ အရာရှိများအပါအဝင် စစ်သားအများအပြားသေဆုံး၊ စစ်တပ်စစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်

လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့်ဖယ်ခုံမြို့နယ်တို့တွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်မှ အရာရှိများအပါအဝင် စစ်သားအများအပြားသေဆုံး၊ စစ်တပ်စစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ကရင်နီပြည်နယ် ၊လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို မြို့နယ်များတွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ် တပ်က အရာရှိအပါအဝင် စစ်သားအများအပြားသေဆုံးကာ ယင်းစစ်တပ် စစ်ကြောင်းများမှ စစ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း KNDF ဗဟို...