Magway News

Magway News

ရေစကြိုမြို့နယ်၊ ဆင်မရဲပျူစောထီးရွာအနီးရှိ စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး ကာဘိုင် သေနတ် ၁ လက်သိမ်းဆည်းရရှိ

 

D Day News

စက်တင်ဘာလ ၁၆

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်မရဲပျူစောထီးရွာအနီးရှိ အကြမ်းဖက်စစ်တပ် ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ကာဘိုင်သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Yesagyo Revolution Group – YGR တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ စက်တင်ဘာလ ၁၆ ရက် ရေစကြိုမြို့နယ်၊ ဆင်မရဲ ပျူရွာ အရှေ့ဘက်ရှိ အကြမ်းဖက်စစ်သား၊ ပျူများ အထိုင်ချနေသော ဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ကျန်အ ကြမ်းဖက်စစ်သား၊ ပျူများ ထွက်ပြေးသွားပြီး ဂိတ်စခန်းအတွင်းမှ ကာဘိုအမျိုးအစား သေနတ် ၁ လက်ကို သိမ်းဆည်းရရှိခဲ့ ကြောင်း၊ ပျူရွာအတွင်းမှ အကြမ်းဖက်စစ်သား၊ ပျူများ အင်အားအများ အပြားရောက်ရှိလာသဖြင့် အလျှင်အမြန်ပြန်ဆုတ်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သုံးစွဲနေ သည့် ဆိုင်ကယ် ၂ စီး ချန် ထားခဲ့ရသဖြင့် ဆုံးရှုံးသွားကြောင်း သိရသည်။

“ပျူရွာဂိတ်ပါ၊ ကျနော်တို့ ရဲဘော်တွေဂိတ်ကို ဝင်ပစ်တဲ့အချိန်မှာ စခ၊ ပခတွေ ထွက်ပြေးသွားလို့ ဂိတ်ထဲကနေ ကာဘိုင်သေနတ် တစ်လက်ရခဲ့တာ။ အပြန်အလှန် ပစ်ခတ်မှုကလည်း မိနစ် အနည်း ငယ်ပဲ ကြာခဲ့တာ။ စခ၊ ပခတွေ စစ်လာတဲ့အချိန်မှာ ဆိုင်ကယ်တွေ ထားခဲ့တာပါ” ဟု Yesagyo Revolution Group (YRG)တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Yesagyo Revolution Group (YRG) အဖွဲ့နှင့်အတူ ပခုက္ကူခရိုင် တပ်ရင်း (၁၆) တို့ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

တောင်သာမြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာတွင် လုံခြုံရေးစစ်ဆေးစဉ် တပ်ကြပ်ကြီး အောင်မျိုး ကို အရှင်ဖမ်းမိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၀   မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာတွင် လုံခြုံရေးစစ်ဆေးစဉ် စစ်ကောင် စီတပ်မှ တပ်ကြပ်ကြီး အောင်မျိုးကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း တောင်သာမြို့နယ် ပကဖထံမှ သိရ သည်။...