NUG News

NUG News

နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အတော့်ကို ညံ့တဲ့အဖွဲ့အစည်းများဖြစ်ဟု ဒေါက်ဇော်ဝေစိုး ပြစ်တင်ပြောဆို (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၁၆

 

ဒုက္ခရောက်နေသူများကို ကူညီပေးမည်ဆိုသည့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အတော့်ကိုညံ့ တဲ့အဖွဲ့အစည်းများဖြစ်ကြောင်း NUG ၊ ပညာရေး၊ ကျန်းမာရေးရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြစ်တင်ပြောဆိုလိုက်သည်။

 

ပြည်သူမှ ပြည်သူသို့ အစီအစဉ်မှ တဆင့် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

https://youtu.be/asoLjcD-Zbk

“UN အဆောက်အဦလိုမျိုးဗုံးကျဲခံရတာ ဘယ်တုန်းကလည်းမေးရင် UNHCR က ကိုယ်စားလှယ် မင်းအောင်လှိုင်ကို တွေ့ပြီး ဓာတ်ပုံရိုက်ခံပြီး ၃ ရက်အတွင်းမှာဖြစ်သွားတယ်၊ UN က ဒါကို ဘာမှ မပြောဘူးလား။ ဒီလို United Nation တို့ ကုလသမဂ္ဂတို့လို အဖွဲ့အစည်းတွေက ဘာဖြစ်နေလဲ ဘာလို့ ပါးစပ်ပိတ်နေလဲ။ အဲဒီကိစ္စအတွက်ပြောချင်တယ်။ အခုလိုလူသားချင်းစာနာမှု အကူအညီ တွေလိုအပ်လာတဲ့အခါ သူတို့ဘယ်လိုအလုပ်လုပ်တော့မှာလဲ။ သူတို့အဆောက်အဦကိုတောင် စကစ က ဗုံးကြဲနေတာ။ ဘယ်လိုများကူညီမှာလဲ။ နိုင်ငံတကာအဖွဲ့အစည်းတွေကို အတော့်ကို အားမရဘူး။ ကျနော်ထပ်ပြီးတော့ပြောမယ်နိုင်ငံတကာအဖွဲ့အစည်းတွေက အတော့်ကို ညံ့တယ်လို့ ကျနော်တော့ ပြောချင်တယ်။ အဲဒီစကားလုံးက တမင်ရွေးပြီးပြောတာဖြစ်တယ်။ ကျနော်တို့ပြည်သူတွေ၊ လူတွေ သေကြေနေတဲ့သူတွေ ဒုက္ခရောက်နေတဲ့သူတွေကို အကူအညီပေးမယ်ဆိုတဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေက အတော့်ကို ညံ့တဲ့အဖွဲ့ အစည်းတွေဖြစ်တယ်လို့ ကျနော်တော့ ထပ်ပြီးတော့ ပြောချင်ပါတယ်။” ဟု ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။

 

အဆိုပါ အစီအစဉ်ကို အစီအစဉ် တင်ဆက်သူ ကိုဟန်ဇော်လတ်က အမျိုး သားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးကို နိုင်ငံတစ်ဝန်း ကြုံတွေ့နေရသော သဘာ၀ဘေး ဒုက္ခအန္တရာယ်အရေးနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံအသုံးပြုပြီး တိုက်ခိုက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြော (ရုပ်သံ)

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံအသုံးပြုပြီး တိုက်ခိုက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြော (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံအသုံးပြုပြီး တိုက်ခိုက်သွားမည်ဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။ ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာဒီမိုကရေစီနေ့အခမ်းအနားတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်တို့အနေနဲ့ ပြည်သူ့ဆန္ဒကို အလေးမထားတဲ့၊ ဒီမိုကရေစီကို လေးစားမှုမရှိတဲ့ စစ်အုပ်စုရဲ့...