Mandalay News

Mandalay News

ပြည်သူများ ရေဘေးမဖြစ်စေရန် ဆည်တော်ကြီးရေလှောင်တမံကို စနစ်တကျ လှည့် စောင့်ကြည့် လျက်ရှိပြီး စိုးရိမ်စရာမရှိဟု မန္တလေး PDF ထုတ်ပြန်

 

D Day News

စက်တင်ဘာလ ၁၅

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံကို လှည့်ပတ်စောင့်ကြည့်လျက်ရှိပြီး စိုးရိမ်စရာမရှိသေးကြောင်း မန္တလေး PDF က ယနေ့ စက်တင်ဘာလ ၁၅ ရက် ညပိုင်းတွင် ထုတ်ပြန် သည်။

 

မတ္တရာမြိုနယ် ၊ ဆည်တော်ကြီးရေလှောင်တမံ၏ ကန်ရေပြည့်အမှတ်မှာ (၄၂၀)ပေ ဖြစ်ပြီး ပုံမှန်ရေ ထိန်း အမှတ်ကို (၄၁၅)ပေ ဖြင့် ထိန်းသိမ်းလည်ပတ်လျက်ရှိကြောင်း၊ ယနေ့ စက်တင်ဘာလ (၁၅) ရက်နေ့ တိုင်းထွာချက်အရ ဆည်တော်ကြီးရေလှောင်တမံ၏ လက်ရှိကန်ရေပြင်အမှတ်မှာ (၃၈၅)ပေ ဖြစ်ပြီး မိဘပြည်သူများ အနေဖြင့် ဆည်တော်ကြီးရေလှောင်တမံနှင့်ပတ်သက်၍ စိုးရိမ်စရာ မရှိ ကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် ပြည်သူများ ဘေးအန္တရာယ်မဖြစ်စေရန် ဆည် တော်ကြီးရေလှောင်တမံနှင့်ပတ်သက်၍ စနစ်တကျစောင့်ကြည့်လည်ပတ်လျက်ရှိကြောင်း မန္တလေး PDF က အသိပေးထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲနေသော စစ်သားများကို တိုက်ခိုက်၊ ဘုန်းကြီးကျောင်းရေစက်ချအလှူပြုလုပ်နေစဉ် ဘုန်ကြီးကျောင်းသား ၄ ဦး ပေါ်တာဆွဲခံရ

ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲနေသော စစ်သားများကို တိုက်ခိုက်၊ ဘုန်းကြီးကျောင်းရေစက်ချအလှူပြုလုပ်နေစဉ် ဘုန်ကြီးကျောင်းသား ၄ ဦး ပေါ်တာဆွဲခံရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲ ဖမ်းဆီးနေသော စစ် သားများကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မကွေးတိုင်း၊ ပကဖက ထုတ်ပြန်သည်။ စက်တင်ဘာလ ၁၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်က ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာ...