Bago News

Bago News

ပေါင်းတည်မြို့နယ်၊ သစ်ပုတ်တာဝါတိုင်စခန်းမှ စစ်သားများ ရိက္ခာသယ်ပြီး ပြန်လာစဉ် ၂ ကြိမ်မိုင်း ဆွဲတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၁၅

 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သသစ်ပုတ်အုပ်စု၊ သစ်ပုတ်ရွာရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းမှ စစ်သားများ ရိက္ခသယ်ပြီးပြန်လာစဉ် ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံး ခဲ့ကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

စက်တင်ဘာလ ၁၃ ရက် နံနက် ၆ နာရီ မိနစ် ၄၀ အချိန်ခန့်က ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု သစ်ပုတ်ရွာ စစ်ကောင်စီအထိုင်စခန်းမှ အကြမ်းဖက်စစ်သားအင်အား ၇၀ ခန့်သည်ပြန်ချီတက်ရွာသို့ ရိက္ခာဆင်းသယ်ပြီး သစ်ပုတ်အထိုင်စခန်းသို့ ပြန်လာစဉ် သစ်ပုတ်ရွာနှင့်ပျံချီတက်ရွာကြား အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်း ၄ ကွင်း ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးပွဲ ချင်းပြီး သေဆုံးပြီး ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး မွန်းတည့် ၁၂ နာရီခန့်တွင် သေဆုံးသွားသော စစ်သားအလောင်းများနှင့် ဒဏ် ရရှိသူ စစ်သားများကို သစ်ပုတ်အထိုင်စခန်းသို့ သယ်ဆောင်သွားကြောင်း ပေါင်းတည်မြို့နယ် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ (၁) ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲနေသော စစ်သားများကို တိုက်ခိုက်၊ ဘုန်းကြီးကျောင်းရေစက်ချအလှူပြုလုပ်နေစဉ် ဘုန်ကြီးကျောင်းသား ၄ ဦး ပေါ်တာဆွဲခံရ

ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲနေသော စစ်သားများကို တိုက်ခိုက်၊ ဘုန်းကြီးကျောင်းရေစက်ချအလှူပြုလုပ်နေစဉ် ဘုန်ကြီးကျောင်းသား ၄ ဦး ပေါ်တာဆွဲခံရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲ ဖမ်းဆီးနေသော စစ် သားများကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မကွေးတိုင်း၊ ပကဖက ထုတ်ပြန်သည်။ စက်တင်ဘာလ ၁၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်က ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာ...