NUG News

NUG News

မင်းအောင်လှိုင်နှင့်စစ်အုပ်၏ လူစိတ်ကင်းမဲ့ပြီး အာဏာလောဘစိတ်မွန်းနေသူများကြောင့် ပြည်သူ များ စစ်ဘေးဒဏ်၊ သဘာဝဘေးဒဏ် ဆိုးဆိုးရွားရွားရင်ဆိုင်နေရဟု NUG ၊ ယာယီသမ္မတ ဒူဝါလရှီး လပြော

 

D Day News

စက်တင်ဘာလ ၁၅

 

မင်းအောင်လှိုင်နှင့် စစ်အုပ်စု၏ လူစိတ်ကင်းမဲ့ပြီး အာဏာလောဘစိတ်မွန်းနေမှုကြောင့် တိုင်းရင်း သားပြည်သူလူထုတစ်ရပ်လုံး စစ်ဘေးဒဏ်၊ သဘာဝဘေးဒဏ် ဆိုးဆိုးရွားရွား ရင်ဆိုင်ခံနေရခြင်း ဖြစ်ကြောင်း NUG ၊ ယာယီသမ္မတ ဒူဝါလရှီးလ က ပြောကြားသည်။

 

ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ကြီးမှူး ကျင်းပသော နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားမိန့်ခွန်းပြောကြားရာတွင် အမျိုးသားညီညွတ် ရေးအစိုးရအဖွဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ နိုင်ငံဟာ နှစ်ပေါင်းများစွာ စစ်အာဏာရှင်များရဲ့ အာဏာလောဘ စိတ်များကြောင့် တိုင်းရင်းသားပြည်သူများဟာ စစ်ဘေးဒဏ်၊ သဘာဝေဘေး ဒဏ်ကို အခြားနိုင်ငံများထက်ပိုပြီး ဆိုးရွားစွာ ရင်ဆိုင်နေတာဖြစ်ပါတယ်။ မင်းအောင်လှိုင်နှင့် စစ်အုပ်စုဟာ ရေဘေးသင့်ပြည်သူများကို ကယ်ဆယ်ဖို့ထက် အရပ်သားပြည်သူများကို ဗုံးကြဲတိုက်ခိုက်ဖို့တာ ဦးတည် တာဆူနေတာ တွေ့မြင် ရပါတယ်။ မင်းအောင်လှိုင်နှင့် စစ်အုပ်စုဟာ လူစိတ် ကင်းမဲ့ပြီး အာဏာလောဘ စိတ်မွန်းနေသူမို့ သူ့ အာဏာတည်မြဲရေးကိုသာ အလေးထားပြီး ပြည်သူများရဲ့ ဒုက္ခဝေဒနာများကို စာနာစိတ်ရှိသူ မဟုတ် ပါ။” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

 

မြန်မာနိုင်ငံအနှံ့ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင် ပြည်နယ် ဒေသအသီးသီးပြည်သူများသည် ရာဂီမုန်တိုင်းဒဏ်ကြောင့် ရေဘေးဒုက္ခ ဆိုးရွားစွာ ရင် ဆိုင်ခံစားနေကြရကြောင်း သိရသည်။

 

စက်တင်ဘာလ ၁၅ ရက်နေ့ ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် နေပြည်တော်တွင် စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်း တပ်ကုန်းမြို့နယ်မှတစ်ဆင့် ဆင်သေချောင်းရေ ကျဆင်းခဲ့မှု ကြောင့် လက်ရှိအချိန်အထိ ကောက်ယူရရှိထားသည့် စာရင်းဇယားများအရ သေဆုံးသူ ၄၂ ဦး ရှိပြီး အိမ်ပေါင်း ၃၃ လုံးရေမျောခြင်း၊ နေအိမ်နှင့်အဆောက်အအုံ ၃၈၉၁ လုံး ရေမြုပ်ခဲ့ကြောင်း ဖော်ပြထား သည်။

 

ရေဘေးကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ဆောင်နေသော နေပြည်တော်အခြေစိုက် ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကမူ နေပြည်တော်ရှိ မြို့နယ် ၈ ခုအနက်မှ မြို့နယ် ၅ ခုတွင် ထိခိုက်ပျက်စီးမှုများ ကြုံခဲ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ အလောင်းမရ၊ ပြန်လည်ရှာတွေ့ခြင်းမရှိဘဲ ပျောက်ဆုံးနေသူ အများအပြား ရှိနေကြောင်း ပြောဆိုသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲနေသော စစ်သားများကို တိုက်ခိုက်၊ ဘုန်းကြီးကျောင်းရေစက်ချအလှူပြုလုပ်နေစဉ် ဘုန်ကြီးကျောင်းသား ၄ ဦး ပေါ်တာဆွဲခံရ

ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲနေသော စစ်သားများကို တိုက်ခိုက်၊ ဘုန်းကြီးကျောင်းရေစက်ချအလှူပြုလုပ်နေစဉ် ဘုန်ကြီးကျောင်းသား ၄ ဦး ပေါ်တာဆွဲခံရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲ ဖမ်းဆီးနေသော စစ် သားများကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မကွေးတိုင်း၊ ပကဖက ထုတ်ပြန်သည်။ စက်တင်ဘာလ ၁၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်က ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာ...