Bago News

Bago News

ရွှေကျင်မြို့နယ်၊ တုံတံတားကျေးရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပြီး မီးရှို့ဖျက်ဆီး

 

D Day News

စက်တင်ဘာလ ၁၅

 

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ တုံးတံတားကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ စခန်းကို တိုက်ခိုက် သိမ်းပိုက်ပြီး စခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း Spring Warriors Column မှ ထံမှ သိရသည်။

 

ယနေ့ စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်းက ရွှေကျင်မြို့နယ်၊ တုံးတံတားကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းသိမ်း မိခဲ့ပြီး ယင်းအကြမ်းဖက်စစ်တပ်စခန်းကို မီးရှို့ဖျက်ဆီးနေကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၆၄ တပ်မှလည်း တုံတံတားကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေ ကြောင်း သိရသည်။

 

“တုံးတံတားစခန်းကို သိမ်းပိုက်လိုက်ပြီ။ စခန်းကို မီးရှို့ဖျက်ဆီးနေပြီ။ အသေးစိတ်ကတော့ ဖုန်းလိုင်း အခက်အခဲရယ်၊ အင်တာနက်အခက်အခဲရယ်ကြောင့် အသေးစိတ်တော့ မသိရသေးဘူး။ သတင်းအ ပြည့်စုံသိရဖို့ကတော့ နည်းနည်းခက်နေတယ်။ လက်ရှိရရှိထားတဲ့သတင်းအရတော့ ကျနော်တို့ရဲ တော်တွေအားလုံး ဘေးကင်းပါတယ်” ဟု Spring Warriors Column မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲနေသော စစ်သားများကို တိုက်ခိုက်၊ ဘုန်းကြီးကျောင်းရေစက်ချအလှူပြုလုပ်နေစဉ် ဘုန်ကြီးကျောင်းသား ၄ ဦး ပေါ်တာဆွဲခံရ

ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲနေသော စစ်သားများကို တိုက်ခိုက်၊ ဘုန်းကြီးကျောင်းရေစက်ချအလှူပြုလုပ်နေစဉ် ဘုန်ကြီးကျောင်းသား ၄ ဦး ပေါ်တာဆွဲခံရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲ ဖမ်းဆီးနေသော စစ် သားများကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မကွေးတိုင်း၊ ပကဖက ထုတ်ပြန်သည်။ စက်တင်ဘာလ ၁၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်က ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာ...