Bago News

Bago News

ရေတာရှည်မြို့နယ်တွင် ရေဘေးသင့်ပြည်သူများကို ကူညီရင်း PDF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး

 

D Day News

စက်တင်ဘာ ၁၄

 

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ရေဘေးသင့် ပြည်သူများကို ကူညီကယ်ဆယ်ရင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနထံက သိရ သည်။

 

ယမန်နေ့ စက်တင်ဘာလ ၁၃ ရက်နေ့က ရေတာရှည်မြို့နယ်အတွင်း ရေဘေးဒဏ်သင့်ကာ ပိတ်မိ နေသည့် ပြည်သူများကို ကူညီကယ်ဆယ်ရင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီး ဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော် တိုင်းစစ်ဌာန၊ ဗျုဟာအမှတ် (၁၇) ကွပ်ကဲမှု အောက်ရှိ တပ်ရင်းအမှတ် (၉၀၁) မှ ရဲဘော် Eagle သည် အသက် စွန့်လွှတ် ပေးလှူ သွားရခြင်း ဖြစ်ကြောင်း သိရသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အသက်စွန့်လွှတ်ပေးလှူသွား သော ရဲဘော် Eagle ၏ တပ်မှူး၊ တပ်သားများ၊ မိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Photo – ရေဘေး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် PDF တပ်ရင်း (၉၀၁) မှ ရဲဘော်များ

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲနေသော စစ်သားများကို တိုက်ခိုက်၊ ဘုန်းကြီးကျောင်းရေစက်ချအလှူပြုလုပ်နေစဉ် ဘုန်ကြီးကျောင်းသား ၄ ဦး ပေါ်တာဆွဲခံရ

ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲနေသော စစ်သားများကို တိုက်ခိုက်၊ ဘုန်းကြီးကျောင်းရေစက်ချအလှူပြုလုပ်နေစဉ် ဘုန်ကြီးကျောင်းသား ၄ ဦး ပေါ်တာဆွဲခံရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲ ဖမ်းဆီးနေသော စစ် သားများကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မကွေးတိုင်း၊ ပကဖက ထုတ်ပြန်သည်။ စက်တင်ဘာလ ၁၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်က ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာ...