CDM News

CDM News

ကမ္မမြို့ရဲစခန်းမှ ရဲတပ်သား လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်

 

D Day News

စက်တင်ဘာလ ၁၃

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ရဲစခန်းမှ ရဲတပ်သား ၁ ဦးလက်နက်ခဲယမ်းနှင့်အတူ အလင်းဝင် ရောက်ခဲ့ကြောင်း People`s Defence Force – Kamma ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့က ပခုက္ကူမြို့နယ်၊ ကမ္မမြို့ ရဲစခန်း၌ တာဝန်ကျနေသော အ ကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲတပ်သား ၁ ဦးသည် အူစီ သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ဘောက်၊ ၉ မမ ကျည် ၁၃၁ တောင့်နှင့် G3 ကျည်ဘောက် ၄ ဘောက်၊ G3 ကျည် ၃၇ တောင့်တို့ကို ယူဆောင်ကာ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့သည့် ရဲတပ်သားကို People`s Defence Force – Kamma တပ်ဖွဲ့က ကောင်းမွန်စွာ လက်ခံကြိုဆိုခဲ့ပြီး ထပ်မံရုန်းထွက်လာမည့် အကြမ်းဖက်စစ် ကောင်စီ လက်အောက်ခံတပ်သားများကိုလည်း လှိုက်လှဲစွာကြိုဆိုလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြောက်ဒဂုံမြို့နယ်၊ မဝတလမ်းဆုံအနီးရှိ မြို့နယ်ထွေအုပ်ရုံးနှင့် ယာဉ်ထိန်းရဲရုံးတို့ကို လက်ပစ်ဗုံးများ ဖြင့် ဖောက်ခွဲတိုက်ခိုက်

မြောက်ဒဂုံမြို့နယ်၊ မဝတလမ်းဆုံအနီးရှိ မြို့နယ်ထွေအုပ်ရုံးနှင့် ယာဉ်ထိန်းရဲရုံးတို့ကို လက်ပစ်ဗုံးများ ဖြင့် ဖောက်ခွဲတိုက်ခိုက်

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ မဝတလမ်းဆုံအနီးရှိ ထွေအုပ်ရုံးနှင့် ယာဉ်ထိန်းရဲရုံးတို့ကို လက်ပစ်ဗုံး များဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Operation Flame စစ်ဆင်ရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၁၄ ရက် နံနက် ၁ ၃၅ မိနစ်က မြောက်ဒဂုံမြို့နယ်၊ မဝတလမ်းဆုံအနီး၊...