Bago News

Bago News

ထန်းတပင်တံတားပေါ်နှင့် တံတားဘေးတွင် ရေဘေးသင့် ပြည်သူ ၁၀၀ ကျော်ပိတ်မိနေပြီး အရေး ပေါ် ကယ်ဆယ်ရေးအကူအညီလိုအပ်နေ

 

D Day News

စက်တင်ဘာလ ၁၃

 

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ထန်းတပင်တံတားပေါ်နှင့် တံတားဘေးတွင် ရေဘေးရှောင်နေသည့် ပြည်သူ ၁၀၀ ကျော်ပိတ်နေပြီး အရေးပေါ်ကယ်ဆယ်ရေးအကူအညီများလိုအပ်လျက်ရှိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

 

ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ထန်းတပင်မြို့နယ်နှင့် တောင်ငူမြို့နယ်အစပ်ရှိ စစ်တောင်း မြစ်ရေ မြင့်တက်ခြင်းနှင့်အတူ သာဂရနှင့်ချစ်ကြည်စုတံတားရှိတံမံသည်လည်း ကျိုးပေါက်ခဲ့ရာ စစ် တောင်းမြစ်ဘေးရှိ ကျေးရွာများဖြစ်သော မြင်းစု၊ လေးအိမ်စု၊ ခေါင်ရမ်း၊ အောင်းကြီး၊ ကုလားရွာ၊ ရွာ သစ်၊ သာဂရ စသည့်ကျေးရွာအများအပြားရေ နစ်မြှုပ်သွားခဲ့ကြောင်း သိရသည်။

 

“ညီမတို့ရွာက စစ်တောင်းမြစ်နဲ့ကပ်လျက်ဆိုတော့ ပိုဆိုးတာပေါ့၊ အခုတော့ လူတွေက ထန်းတပင် တံတား ဘေးကလမ်းမတွေပေါ်မှာပေါ့။ တံတားပေါ်နဲ့ တံတားဘေးက လမ်းပဲလွတ်တယ်၊ ကျန်တဲ့ နေရာတွေက အကုန်ရေမြုပ်နေတာ။ ရွာတွေရော၊ လမ်းတွေရော အကုန်မြုပ်နေတာ။ အခုတော့ မိုးတွေတအားရွာနေတော့ တဲလည်းထိုးမရတော့ မိုးရွာထဲမှာပဲ နေနေကြရတာ။ ကလေးတွေရော၊ တချို့လူတွေကလည်း ကူးသွားခင်တယ်၊ လက်ရှိဒီနားမှာလမ်းပေါ်မှာရှိနေတာက လူဦးရေ ၁၀၀ ကျော်လောက်ရှိအုံးမယ်။ တောင်ငူဘက်ကို ကူးကြတာ၊ တောင်ငူကိုကူးဖို့ ရေကအရမ်းများလို့ ဘယ်လိုမှကူးလို့မရဘူး။ မြင်းစုကနေ တောင်ငူအထိ ကားတစ်လမ်းလုံး ရေကျော်နေတာ၊ အဲဒါကို လှေနဲ့ကူးပေးတာ၊ အဲဒီလှေက အခုတော့ လေတွေမိုးတွေ တအားတိုက်နေတော့ ဘယ်လိုမှ မကူးပေး တော့တာ၊ အဲဒါကြောင့် ကူးလို့မရတော့တာ။” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

ရေနစ်မြှုပ်သွားသော လေးအိပ်စုကျေးရွာသည် အိမ်ခြေ ၅၀၀ ခန့်ရှိပြီး စစ်တောင်းမြစ် ဘေးကပ် လျက်ဖြစ်သဖြင့် တစ်ရွာ လုံးနီးပါး နစ်မြှုပ်သွားကြောင်း၊ အလားတူ ခေါင်ရမ်းကျေးရွာသည် လည်း အိမ်ခြေ ၂၀၀၀ ကျော်ရှိပြီး ရေနစ်မြှုပ်သွားကြောင်း၊ ထို့ကြောင့် ပြည်သူအများစုမှာ ရေဘေးလွတ် သည့် နီးစပ်ဆွေမျိုး သားချင်းများရှိသော နေရာများသို့ တိမ်းရှောင်နေခြင်းဖြစ်ကြောင်း သိရသည်။

 

“သာဂရနဲ့ချစ်ကြည်စုကြားမှာရှိတဲ့ တမံကလည်းကျိုးသွားလို့၊ အစကတည်းက ရေကလည်း တက်နေ တာ၊ ၅ ပေလောက်ရှိမယ်၊ အခုအဲဒီကရေ ထပ်လွှတ်လိုက်တော့ အရပ်နဲ့တောင်မလွတ် တော့ဘူး။ ၆ ပေကျော်၊ ၇ ပေလောက်ရှိသွားတော့ အိမ်တွေရောမြစ်သွားကုန်တာ၊ တစ်ရွာလုံးနေလို့ မရလို့ ထွက် လာကြရတာ၊ အခုတော့လက်ရှိ‌ တော့လမ်းပေါ်မှာပဲ။ ဒီကနေ ကူးဖို့ကလည်း ကယ်ဆယ်ရေးက ဘယ်လိုမှ မလာတော့ဘူး။ အခုဆိုရင် မိုးတွေကလည်း တအားရွာနေတော့ ရေလှိုင်းတွေတအား ထ နေလို့ လှေကကူးပေးလို့မရတော့ဘူးလို့ ၊ နေ့ခင်းကလည်း လှေတစ်စီး မှောက်တယ်လို့ ပြောတယ်၊ အဲဒါကြောင့် ကူးမပေးတော့ဘူးတဲ့၊ ဒီနေ့လမ်းပေါ်မှာပဲ အိပ်ရမယ်တဲ့။ မနက်ခင်းမှ လာကယ်မယ် ပြောတယ်။ လောလောဆယ်ကတော့ အကူအညီကတော့လိုအပ်နေတာပဲ။ ဒီနားက ကူညီကယ် ဆယ်တဲ့စက်လှေတွေလည်း လာလို့အဆင်မပြေဘူးဆိုတော့ ဒီမှာပဲ စောင့်ရမှာပေါ့၊ ရေတွေကတော့ နစ်နေတုန်းပဲ၊ သတိပြီးတော့နေရမှာပဲ။” ဟု ရေဘေးသင့်ပြည်သူတစ်ဦးက ပြောဆိုသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်မှု စစ်သား ၂၀ ဦးထက်မနည်းသေဆုံး

ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်မှု စစ်သား ၂၀ ဦးထက်မနည်းသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ နောင်ပိန်ကျေးရွာဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များထံက သိရသည်။ ယမန်နေ့ စက်တင်ဘာလ ၁၄ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာ...