Sagaing News

Sagaing News

မြင်းမူမြို့မှ ထွက်လာပြီး မုံရွာ-မန္တလေးလမ်းမပေါ်တွင် ဆက်ကြေးကောက်နေသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၁၃

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မှ ထွက်လာပြီး မုံရွာ -မန္တလေးလမ်းမပေါ်တွင် ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း DogDog Killers People’s Defence Force Myinmu ထံမှ သိရသည်။

 

စက်တင်ဘာလ ၁၁ ရက် နံနက် ၁၁ နာရီ ၃၉ မိနစ်ခန့်က မြင်းမူမြို့တွင်း၌ တပ်စွဲထားသော အကြမ်း ဖက်စစ်သားများသည် မြင်းမူမြို့နှင့် ဝမ်းပြည့်ကျေးရွာကြား ထွက်လာပြီး မုံရွာ -မန္တလေးလမ်းကို အသုံးပြုသွားလာနေသော ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်နေစဉ် ၄၀ မမ ဖြင့် ပစ်ခတ် ခဲ့ရာ စစ်သား ၃ ဦးလဲကျသွားခဲ့ကြောင်း၊ ထိုသို့လဲကျနေစဉ် လက်နက်ငယ်ဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ စစ်သား ၃ ဦးကို ထပ်မံထိမှန်ပြီး သေဆုံးသွားကြောင်း သိရသည်။

https://youtu.be/H9i1qLQY_Jo

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများက လက်နက်ကြီးများဖြင့် အဆက်မပြတ် ပြန် လည် ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Dog Killers People’s Defence Force Myinmu (DK-PDF MMU) ၊  မြင်းမူ မြို့နယ် (ပ.က.ဖ) ၊  (U.S.A.R) နှင့် (S.T.R.F) ညီနောင်မဟာမိတ်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရန်ကုန်မြို့ကိုသွားရင်းပေါ်တာဆွဲခံရသည့် စစ်မှုထမ်းတပ်သား ၁ ဦးလက်နက် ၂ လက်နှင့်အတူ အလင်းဝင်(ရုပ်သံ)

ရန်ကုန်မြို့ကိုသွားရင်းပေါ်တာဆွဲခံရသည့် စစ်မှုထမ်းတပ်သား ၁ ဦးလက်နက် ၂ လက်နှင့်အတူ အလင်းဝင်(ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၃ မကွေးတိုင်း၊ ချောက်မြို့မှ ရန်ကုန်သို့သွားရင်း ပေါ်တာဆွဲခံရသူ စစ်မှုထမ်းတပ်သား ၁ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် သည်။ ဩဂုတ်လ ၂ ရက်နေ့က ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ရှေ့တန်းတနေရာသို့ ရောက်ရှိနေသော အကြမ်းဖက်...