Pintaya News

Pintaya News

ပင်းတယမြို့တွင် ဟိုတယ်၊ လဝကရုံး၊ စားသောက်ဆိုင်များအပါအဝင် နေအိမ် ၁၁ လုံးထက်မနည်း ရေနစ်မြှုပ်

 

D Day News

စက်တင်ဘာလ ၁၃

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် မိုးသည်းထန်စွာရွာသွန်း မှုကြောင့် ဟိုတယ်၊ လဝကရုံး၊ စားသောက်ဆိုင်များအပါအဝင် နေအိမ် ၁၁ လုံးထက်မနည်း ရေနစ် မြှုပ်ခဲ့ကြောင်း ဒေသနေပြည်သူများထံမှ သိရသည်။

 

စက်တင်ဘာလ ၁၁ ရက် နံနက် ၅ နာရီအချိန်မှ စတင်ပြီး မိုးသည်းထန်စွာရွာသွန်းသဖြင့် ပင်းတယ မြို့၊ ကန့်ကော်တောကျောင်းတိုက် ရေထွက်ပေါက်မှ ကျယ်လောင်သော ရေထွက်သံထွက်ပေါ်ကာ ရေများလျှံထွက်လာပြီး ပင်းတယမြို့တွင်းသို့ ရေဝင်ရောက်ခဲ့ရာ ပြည်တော်သာရပ်ကွက် အတွင်းရှိ နေအိမ် ၁၁ လုံးနှင့် ရေဆင်းရာ လမ်းတစ်လျှောက်ရှိ နေအိမ်နှင့် ဟိုတယ် ၊ လဝကရုံး အပါအဝင် စားသောက်ဆိုင် အချို့ ရေဝင်နစ်မြှုပ်ခဲ့ကြောင်း သိရသည်။

 

“အဲဒီကျောင်း ရေထွက်ပေါက်က ၁၈ နှစ်ကြာမှ တစ်ကြိမ် ရေပြန်ထွက်လာတာ ။ ရေထွက်ပေါက်က ၃ ပေါက်ရှိရင် ၃ ရက်မြှုပ်တယ် ။ အခုက ပင်မရေထွက်ပေါက်နဲ့ ဘေးကရေထွက်ပေါက်ငယ်လေး တွေနဲ့ ဆို ဘယ်အချိန် ရေခမ်းမယ် မသိနိုင်ဘူး ” ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးကပြောကြားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၄၀ ကျော်ကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၄၀ ကျော်ကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၃ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် နေရာအနှံ့အပြားကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးသီး အလုံး ၄၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်သည်။ ယနေ့ စက်တင်ဘာလ ၁၃ ရက် မွန်းတည့်...