Sagaing News

Sagaing News

ချောင်းဦးမြို့နယ်၊ ကံကြီးပျူရွာစခန်းကို လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု စစ်သား ၊ ပျူစောထီး ၇ ဦး သေဆုံး (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၁၂

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူရွာစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၇ ဦးသေဆုံးခဲ့ကြောင်း Monywa Inventor တပ်ဖွဲ့ထံမှ သိရ သည်။

 

စက်တင်ဘာလ ၁၀ ရက်နေ့မှ စတင်ပြီး ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူရွာစခန်းကို ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စက်တင်ဘာလ ၁၁ ရက်နေ့အထိ ၄၀ မမ ဗုံးသီး အလုံး ၂၀ ၊ ၆၀ မမ ဗုံးသီး အလုံး ၂၀ ၊ ၈၀ မမ ဗုံးသီး ၁၀ လုံး တို့ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား၊ ပျူစောထီး ၇ ဦး သေ ဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

https://youtu.be/fOSaqqv6PkM

“ပျူတွေကတော့ အထိများတယ်၊ ဒရုန်းနဲ့ကြည့်ရတာ ကတော့ ၇ ကောင်သေတယ်။ မုံရွာမအူဂိတ် ကနေ ၁၀ ရက် ည နာရီလောက်က ဟောင်ဝှစ်ဇာ ၅ လုံး ပစ်ပေမယ့် ရဲဘော်တွေအထိအခိုက်မရှိပါ ဘူး” ဟု Monywa Inventor တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Monywa Inventor ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ Triple Two Task Force ၊ မျိုးဆက်သစ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းရာဇာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသကာ ကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရန်ကုန်မြို့ကိုသွားရင်းပေါ်တာဆွဲခံရသည့် စစ်မှုထမ်းတပ်သား ၁ ဦးလက်နက် ၂ လက်နှင့်အတူ အလင်းဝင်(ရုပ်သံ)

ရန်ကုန်မြို့ကိုသွားရင်းပေါ်တာဆွဲခံရသည့် စစ်မှုထမ်းတပ်သား ၁ ဦးလက်နက် ၂ လက်နှင့်အတူ အလင်းဝင်(ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၃ မကွေးတိုင်း၊ ချောက်မြို့မှ ရန်ကုန်သို့သွားရင်း ပေါ်တာဆွဲခံရသူ စစ်မှုထမ်းတပ်သား ၁ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် သည်။ ဩဂုတ်လ ၂ ရက်နေ့က ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ရှေ့တန်းတနေရာသို့ ရောက်ရှိနေသော အကြမ်းဖက်...