Tanintharyi News

Tanintharyi News

လောင်းလုံးမြို့နယ်ရှိ ကျေးရွာ ၅ ရွာအတွင်း လှည့်ပတ်ခိုးယူနေသော စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃၀ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၁၂

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျေးရွာ ၅ ရွာအတွင်းလှည့်ပတ်ခိုးယူဖျက်ဆီးနေသော အကြမ်း ဖက်စစ်ကောင်စီတပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဩဂုတ်လ ၂၄ ရက် ညနေ ၅ နာရီ ၁၀ မိနစ်အချိန်က လောင်းလုံးမြို့နယ်၊ မောင်းမကန်ကြက်ခြံသို့ ရောက်ရှိလာသည့် အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ၄၀ မမ လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးပြီး အကြမ်းဖက်စစ်တပ်မှ ဆေးမှူးကြီးတစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသော အကြမ်းဖက်စစ်သား အလောင်းများကို ဩဂုတ်လ ၂၅ ရက် မွန်းတည့်ချိန်တွင် အရေးပေါ်နာရေးကူညီမှုကားများဖြင့် သယ်ဆောင်သွားကြောင်း သိရ သည်။

 

စက်တင်ဘာလ ၇ ရက် ည၁၂ နာရီခွဲအချိန်ခန့်ကလည်း လောင်းလုံးမြို့နယ်၊ ပြင်ကြီးရွာ အတွင်းရှိ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူဖျက်ဆီးနေသော အကြမ်းဖက်စစ်သားများအား ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များက 40 mmဗုံး ပစ်လောင်ချာဖြင့် ပစ်ခတ်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ် ခန့်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

အလားတူ စက်တင်ဘာလ ၈ ရက် မွန်းလွဲ ၁ နာရီခန့်တွင် လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ရွာထဲသို့ ရောက်ရှိ လာသော အကြမ်းဖက်စစ်သားများကို 40 mm ဗုံးပစ်လောင်ချာဖြင့်သွား ရောက်ပစ်ခတ် ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်သား ၁၀ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၂ နာရီခန့်အချိန်ကလည်း ခြေလျင်စစ်ကြောင်းထိုးလာသည့် အကြမ်း ဖက်စစ်သားများကို လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာ နှင့် ကျောက်ဆင်ရွာကြား အရောက်  မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ပြီး စစ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်က မောင်းမကန် (၃) ထပ်လမ်း၌ အကြမ်းဖက် စစ် တပ်၏ မြေတင်ကား၂ စီးနှင့် Vigo ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ ကား ထိခိုက်မှုရှိသော်လည်း အကြမ်းဖက်စစ်သားထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရ သည်။

 

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ ဇုန် ၁ မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်သား ၃၀ ဦးသေဆုံးကာ အများ အပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်ကြောင်းများသည် လောင်းလုံးမြို့နယ်အတွင်းရှိ မောင်းမကန်၊ ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး၊ ရှိုင်သာယာကျေးရွာများအတွင်းရှိ ပြည်သူ့နေအိမ်များကို စိတ်ကြိုက်မွှေ နှောက်ကာ တန်းဖိုးရှိပစ္စည်းများအား ကားဖြင့်ခိုးယူသယ်ဆောင်ကာ နေအိမ်များ မီးရှို့ခဲ့သည့် စစ် ကြောင်းဖြစ်ကြောင်းလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ က ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နတ်တလင်းမြို့နယ်၊ ပန်းတင်းပင်ကျေးရွာ ပျူစောဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု ပျူစောထီးများ ထွက်ပြေးသွားပြီး ကျည်ဘောက်၊ ကျည်ဆံနှင့် ဖုန်း ၂ လုံးသိမ်းဆည်းရရှိ

နတ်တလင်းမြို့နယ်၊ ပန်းတင်းပင်ကျေးရွာ ပျူစောဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု ပျူစောထီးများ ထွက်ပြေးသွားပြီး ကျည်ဘောက်၊ ကျည်ဆံနှင့် ဖုန်း ၂ လုံးသိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၃ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပန်းတင်းပင်ကျေးရွာ ပျူစောထီးဂိတ်ကို ဝင်‌ ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးများ ထွက်ပြေးသွားပြီး ကျည်ဆံ၊ ကျည်ဘောက်နှင့်ဖုန်း ၂ လုံး သိမ်း ဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ...