MNDAA News

MNDAA News

လားရှိုးမြို့တွင် MNDAA ယာဉ်ထိန်းရဲတပ်ဖွဲ့မှ မြို့တွင်း ယာဉ်သွားလာမှုကို ထိန်းသိမ်းရေးပြုလုပ် (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၁၂

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် MNDAA ၏ အထူးဒေသရဲစခန်းမှ ယာဉ်ထိန်းရဲအဖွဲ့က မြို့ တွင်း ယာဉ်အသွားအလာစီမံခန့်ခွဲမှုကို တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း အသိပေးထုတ် ပြန်ထား သည်။

 

လားရှိုးမြို့ လွတ်မြောက်ရေးရချိန်မှစ၍ MNTJPဗဟိုကော်မတီနှင့် အထူးဒေသ(၁)အုပ်ချုပ်မှုကော်မ တီတို့သည် လားရှိုးမြို့၏ လုံခြုံရေး စီမံခန့်ခွဲမှုနှင့် စစ်ပြီးခေတ် ပြန်လည်တည်ဆောက်ရေးတို့ကို တိုး မြှင့် လုပ်ဆောင်လျက်ရှိရာ သိသိသာသာသော အောင်မြင်မှုများ ရရှိခဲ့ပြီ ဖြစ်သဖြင့် လားရှိုးမြို့နေ ပြည်သူများလည်း မြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာကြပြီဖြစ်ကြောင်း သိရသည်။

 

ထို့ကြောင့် မြို့တွင် လူဦးရေနှင့် ယာဉ်သွားလာမှု တိုးမြင့်လာမှုနှင့်အတူ မြို့ပြယာဉ်ထိန်း သိမ်းရေး သည် အရေးကြီးသော အလုပ်ဖြစ်လာသဖြင့် ၂၀၂၄ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့၌ MNTJP ဗဟို ကော်မတီ နှင့် အထူးဒေသ (၁) အုပ်ချုပ်မှုကော်မတီ၏ ညွှန်ကြားချက်အရ ရဲဌာန၊ ယာဉ်ထိန်း တပ်ဖွဲ့ စုမှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အချို့ကို လားရှိုးမြို့သို့ စေလွှတ်ကာ ယာဉ်ကြောရှင်းလင်းရေး လုပ်ငန်း များ ဆောင်ရွက်စေခဲ့ကြောင်း အသိပေးထားသည်။

https://youtu.be/xUvhmwUk_WY

စက်တင်ဘာလ ၁၁ ရက်နေ့အထိ MNDAA ၏ ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် ယာဉ်တိုက်မှု ၁၀ မှု ကျော်ကို ဖြေရှင်းထားပြီဖြစ်ပြီး ယင်းယာဉ်တိုက်မှုများမှာ အရှိန်လွန်ခြင်း၊ ယာဉ်များ တခြားယာဉ် ကြော လမ်းနေရာယူမောင်းခြင်းနှင့် ယာဉ်မောင်းများ ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာ အားနည်းခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ယာဉ်ထိန်းရဲအဖွဲ့နေဖြင့် ယာဉ်မတော်တဆမှုအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းပေးခြင်းနှင့် အတူ ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာများ ဖြန့်ဝေပေးကာ ပြည်သူများ၏ ယာဉ် အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

အလားတူ လားရှိုးမြို့ ကယ်ဆယ်ရေး လုပ်ငန်းများတွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက် လျက် ပြီး မကြာသေးမီက လားရှိုးမြို့ကို အာဏာသိမ်းတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု၊ မြေမြှုပ်မိုင်း ပေါင်ကွဲမှုတို့ဖြင့် ရုတ်တရက် ထိခိုက်ဒဏ်ရာရရှိသူများကိုလည်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

လက်ရှိတွင်လမ်းမှန်ပေါ်၌ ယာဉ်များ စည်းကမ်းမဲ့ ရပ်နားခြင်း၊ လမ်းစည်းကမ်း ဖောက်ဖျက်ခြင်း၊ အရှိန်လွန်မောင်းနှင်ခြင်း နှင့် အခြားယာဉ်ကြောပိတ်ဆို့မှု ပြဿနာများကို စုံစမ်းစစ်ဆေးမှုများနှင့် လားရှိုးမြို့၏ သယ်ယူပို့ဆောင်ရေး တည်ဆောက်မှုတို့ကို ကဏ္ဍသစ်တစ်ခု ဖွင့်လှစ်ကာ ဆောင်ရွက် လျက်ရှိကြောင်း MNDAA က ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၄၀ ကျော်ကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၄၀ ကျော်ကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၃ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် နေရာအနှံ့အပြားကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးသီး အလုံး ၄၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်သည်။ ယနေ့ စက်တင်ဘာလ ၁၃ ရက် မွန်းတည့်...