Karen State News

Karen State News

သံတောင်ကြီးမှ တောင်ငူသို့ ခြေလျင်ဆင်းလာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၂၀ ကျော်သေဆုံး (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၁၁

 

ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် အစပ် သံတောင်ကြီးမှ တောင်ငူသို့ ခြေလျင်ဆင်းလာသည့် အကြမ်း ဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၀ ကျော် သေဆုံးခဲ့ ကြောင်း Thawthikho အဖွဲ့ထံမှ သိရသည်။

 

စက်တင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် သံတောင်ကြီးမှ တောင်ငူ ဘက်ကို ခြေကျင်ဆင်း လာသော အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ရွှေညောင်ပင်အောက်ရောက်ရှိလာစဉ် ကရင် အမျိုးသား လွတ်မြောက် ရေးတပ်မတော် တပ်မဟာ(၂) တပ်ရင်း(၅) လက် အောက်ခံပြောက်ကျား စစ်ကြောင်းများက ကြားဖြတ် တိုက်ခိုက်ရာ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

https://youtu.be/K4PyhjmUq0Q

အဆိုပါ ထိတွေ့ တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တနင်္သာရီမြို့နယ် စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာတစ်စီး ပစ်ခတ်ခံရပြီး ထိမှန်ကာ မြိတ်မြို့သို့ လှည်ပြန် (ရုပ်သံ)

တနင်္သာရီမြို့နယ် စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာတစ်စီး ပစ်ခတ်ခံရပြီး ထိမှန်ကာ မြိတ်မြို့သို့ လှည်ပြန် (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၃   တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်းခွန်းကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်ဖိုက် တာတစ်စီးကို ပစ်ချခဲ့ရာ ထိမှန်မှုရှိခဲ့ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေး နှင့် သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။   ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့က တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်း ပေါ်ရှိ...