Magway News

Magway News

မင်းတုန်းမြို့နယ်၊ခုန်တိုင်းကျင်းရွာအနီးတွင် လုံခြုံရေးကင်းပုန်းယူပေးနေသော PDF တပ်ဖွဲ့ဝင်များ၏ နေရာကို သတင်းပေးပို့ခံရမှုကြောင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲဘော် ၁ ဦးဒဏ်ရာရ၊ စစ်တပ်က ခုန် တိုင်ကျင်ရွာ ကို ဝင်ရောက်စီးနင်းပြီး ထွက်ပြေးနိုင်ခြင်းမရှိသည့် ပြည်သူ ၄၀ ကျော်ကို ဓားစာခံဖမ်းဆီး

 

D Day News

စက်တင်ဘာလ ၁၀

 

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ခုန်တိုင်ကျင်းရွာအနီးတွင် လုံခြုံရေးကင်းပုန်းယူပေးနေသော ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်စစ်တပ်ထံ သတင်းပေးခံရမှုကြောင့် အကြမ်း ဖက်စစ် တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခံခဲ့ရပြီး တပ်ဖွဲ့ဝင် တစ် ဦး ဒဏ်ရာရရှိခဲ့ကြောင်း မင်းတုန်းပကဖထံမှ သိရသည်။

 

စက်တင်ဘာလ ၈ ရက် မွန်းလွဲ ၂ နာရီခန့်က မင်းတုန်းမြို့နယ်၊ ခုန်တိုင်ကျင်းကျေးရွာဘက်သို့ အ ကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးလာကြောင်း သတင်းအရ ကျေးရွာနေပြည်သူများ စစ်ကြောင်း မဝင်ရောက်မချင်းပုံမှန်အတိုင်းနေထိုင်နိုင်စေရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ကာကင်း လုံခြုံရေးယူပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကင်းယူပေးနေသည့် နေရာကို ပြည်သူထဲမှ သတင်း ပေးတစ်ဦးက အကြမ်းဖက်စစ်တပ်ထံ နေရာအတိအကျ သတင်း ပေးပို့ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီး လက်နက်ငယ် များ ဖြင့် တရစပ် ပစ်ခတ် စီးနင်းခြင်းခံခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ် ရာ ရရှိကာ ကံကောင်းထောက်မစွာဖြင့် ရဲဘော်အားလုံးထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု ဆိုသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကာကင်းရဲဘော်များ စီးနင်းခံရခြင်းကြောင့် ကျေးရွာအတွင်းရှိ ပြည် သူလူထုအား စနစ်တကျ ကူညီနိုင်ခြင်းမရှိတော့ပဲ တိမ်းရှောင်ရန် အရေးပေါ် ခေါ်ထုတ်ခဲ့ရကာ ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နိုင်ခြင်းမရှိသည့် ပြည်သူများကို ဖမ်းမိသွားခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ဖမ်းမိပြည်သူများကို ဖိအားပေးကာ ထွက်ပြေးနေသူများ ပြန်လာရန်၊ လိုက်လံခေါ်ဆောင် အတင်းအဓမ္မနည်းမျိုးမျိုးစုံဖြင့် လုပ်ဆောင်ခဲ့ပြီး ပြည်သူပိုင်နေအိမ် များ၊ စာသင်ကျောင်းများ၌ စခန်းချကာ ပြည်သူများကို လူသားဒိုင်းကာအဖြစ်အသုံးပြုခံရသူ ပြည်သူ ၄၀ ကျော်ရှိကြောင်း၊ ထို့ နောက်ကျေးရွာအတွင်းရှိ ပြည်သူပိုင်ကြက်၊ ဝက်များကို သတ်ဖြတ်စား သောက်ကာ ယနေ့ စက်တင် ဘာလ ၁၀ ရက်နေ့အထိ တပ်စွဲနေထိုင်ခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီစစ်တပ် စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ခုန်တိုင်ကျင် ကျေးရွာ အနီး တဝိုက်ရှိ ကျေးရွာများတွင် နေထိုင်သော မိဘပြည်သူလူထုအားလုံး အထူသတိပြုကြပါရန်နှင့် စစ် ဘေးရှောင်ရင်း ဆေးဝါး/ရိက္ခာ အခက်ခဲများကြုံတွေ့ရပါက ဆက်သွယ်ပေးပါရန် မင်းတုန်း ပကဖ မေတ္တာရပ်ခံထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၂ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအပါအဝင် ကလေး ငယ် ၁၈ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA က သတင်းထုတ်ပြန် သည်။ ယနေ့ စက်တင်ဘာလ...