AA News

AA News

ပေါက်တောမြို့နယ်၊ ရှင်ရွာရှိ စစ်ကောင်စီတပ်သားသုံ့ပန်းများ ဆေးကုပေးရာ နေရာကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်သုံ့ပန်းအရာရှိကြီးများအပါအဝင် ၁၇ ဦး သေဆုံး

 

D Day News

စက်တင်ဘာလ ၁၀

 

ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ရှင်ရွာ ကျေးရွာရှိ စစ်သုံပန်းများနှင့်အကျဉ်းသားများအားဆေးကုသ ပေးနေသောနေရာကို ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  စစ်သုံ့ပန်း အရာရှိ ကြီးများအပါအဝင် (၁၇) ဦး သေဆုံးကာ ဒဏ်ရာရရှိသူ (၁၀) ဦးရှိခဲ့ကြောင်း ရခိုင့်တပ်တော် -AA က ထုတ်ပြန်သည်။

 

စက်တင်ဘာလ ၈ ရက် ညနေ ၆ နာရီ မိနစ် ၅၀ နှင့် ၅၅ မိနစ်တို့တွင် ဖက်ဆစ်အကြမ်းဖက်စစ် ကောင်စီ မှ ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ရှင်ရွာ ကျေးရွာရှိ စစ်သုံပန်းများနှင့် အကျဉ်းသားများ အား ဆေးကုသပေးနေသော နေရာတစ်နေရာကို ဂျက်တိုက်လေယာဉ်ဖြင့် (၂) ကြိမ် ဗုံးကြဲတိုက်ခိုက် ခဲ့ရာ စစ်သုံ့ပန်းအရာရှိများအပါအဝင် စုစုပေါင်း (၁၇) ဦး သေဆုံးခဲ့ပြီး အလတ်စား၊ အပြင်းစား၊ စိုးရိမ် ရ ဒဏ်ရာရရှိသူ စုစုပေါင်း (၁၀) ဦးအထိရှိကြောင်း သိရသည်။

၎င်းသေဆုံးသွားသည့်သူများထဲတွင် စစ်ကောင်စီ၏ သုံပန်းများထဲမှ ကျန်းမာရေးဆိုးဝါး၍ ဆေးကုသ ရန် လိုအပ်လျက်ရှိသော အရာရှိကြီးတချို့ စစ်ကောင်စီ၏ သတင်းပေးများနှင့် ရခိုင့်တပ်တော်၏ သတင်းများကို စစ်ကောင်စီထံပေးပို့နေသည်ဟူသော သံသယဖြင့် ဖမ်းဆီးစစ်ဆေးနေသူအချို့ပါဝင် ကြောင်း၊ ထို့အပြင် ပြစ်ဒဏ်ကျခံနေရသူ၊ ၎င်းအကျဉ်းစခန်း ထိန်းသိမ်းရေးတာဝန်ရှိသူ၊ ရခိုင့် တပ်တော်၏ ကျန်းမာရေးဝန်ထမ်းအချို့နှင့် ၎င်းအနီးပတ်ဝန်းကျင်ရှိ အရပ်သားပြည်သူ၊ ကလေးများ ပါဝင်ခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာလ (၆) ရက်နေ့ကလည်း စစ်တွေမြို့ရှိ ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် (၁၂) ရဲတပ်ရင်းနှင့် ပွိင့်ရေတပ်စခန်းတို့မှ ပေါက်တောမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ၏ နေအိမ်အချို့ပျက်စီးခဲ့ကြောင်း သိရသည်။

 

စစ်ရှုံးဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် နိုင်ငံတဝန်း တော်လှန်ရေးတပ်များထိန်းချုပ်ထား သော မြို့ရွာများရှိ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေးအဆောက်အအုံများ၊ ဈေးများ အစရှိသည့် နေရာများအား တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အိုများမှာ အစုလိုက်အပြုံလိုက် သေဆုံးသောဖြစ်စဉ်များ မြန်မာနိုင်ငံအနှံ နေ့စဉ်ရက်ဆက် ဖြစ်ပျက်လျက်ရှိကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၂ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအပါအဝင် ကလေး ငယ် ၁၈ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA က သတင်းထုတ်ပြန် သည်။ ယနေ့ စက်တင်ဘာလ...