Magway News

Magway News

ပခုက္ကူ -ကမ္မလမ်းမပေါ် ညောင်လှလမ်းခွဲရှိ စစ်တပ်စခန်းမှ စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွား သဖြင့် ဝင်ရောက်မီးရှို့ရှင်းလင်း

 

D Day News

စက်တင်ဘာလ ၉

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ -ကမ္မလမ်းပေါ် ညောင်လှလမ်းခွဲရှိ အကြမ်းဖက်စစ်ကောင်စီတပ် သားများ စခန်းစွန့်ခွာထွက်ပြေးသွားသဖြင့် ဝင်ရောက်မီးရှို့ရှင်းလင်းခဲ့ကြောင်း ကမ္မတပ်ပေါင်းစုမှထံမှ သိရသည်။

 

ယနေ့ စက်တင်ဘာလ ၉ ရက် နံနက် ၂ နာရီခန့်က ပခုက္ကူမြို့နယ်၊ ပခုက္ကူ -ကမ္မလမ်းမပေါ် ညောင် လှ လမ်းခွဲ၌ အထိုင်ချတပ်စွဲကာ ခရီးသွားပြည်သူလူထုအပေါ်မတရားဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ၎င်းတို့စခန်းကို စွန့်ခွာသွားသဖြင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်ရှင်းလင်းပြီးစခန်းကို မီးရှို့ဖျက်ဆီးပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီစခန်းက ကမ္မမြို့ရဲ့ အရှေ့ဘက်၊ ပခုက္ကူနဲ့ကမ္မကြား ကားလမ်းမကြီးဘေးမှာရှိတဲ့ ကာကင်း စခန်းပေါ့၊ အင်းအားက ၁၀ ဦး ၁၅ ဦးလောက်ပဲရှိတာ၊ ဒီနေ့မနက် ၂ နာရီ ၃ နာရီလောက်က ဆုတ် သွားတာ။ အဲဒီမှာ သိပ်ပြီးမနေဘူး။ လူနည်းတာဆိုတော့ စခန်းအထိုင်ချတာမျိုးမဟုတ်ပဲနဲ့ သူ့ရဲ့ အနောက်ဘက် မီတာ ၁၅၀၀ လောက်မှာ ညောင်ဂျစ်ပင်ပျူရွာ စခန်းရှိတယ်၊ အဲဒီပျူရွာနဲ့ ကူးသန်း နေတာ။ ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တာမရှိဘူ။ ဘန်ကာတွေတွေကိုတော့ ကားနဲ့ထိုးဖျက်ဆီးခဲ့ လိုက်တယ်။” ဟု ကမ္မတပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ ရှင်းလင်းမှုကို မြိုင် ပကဖ နှင့် ဒေသတွင်းကာကွယ်ရေးအဖွဲ့ဖြစ်သည့် ဧရာဒေါင်းအဖွဲ့၊ KMRF အဖွဲ့တို့ ပူးပေါင်းကာ ဝင်ရောက်ရှင်းလင်းပြီး စခန်းဘန်ကာများဖျက်ဆီးကာ အကြမ်းဖက်စစ်ကောင် စီတပ်သားများ နေထိုင်သည့် တဲအိမ်များကို မီးရှို့ဖျက်ဆီးပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယခု ဆုတ်ခွာသွားသည့် ညောင်ပင်လှ စခန်းလမ်းခွဲ ကာကင်းစခန်းသည် ၂၀၂၄ ခုနှစ် မတ်လ တွင် ကန်တော်၊ ဖလံအို ကာကင်းစခန်းများနှင့်အတူ နေရာယူအထိုင်ချ တပ်စွဲထားသည့် စခန်း တခု ဖြစ် ပြီး ယခုအခါ ပြန်လည်ဆုတ်ခွာ၍ ညောင်ဂျစ်ပင်ရွာပျူစောထီးစခန်းသို့ သွားရောက် ပူးပေါင်းကာ ခံစစ်ပြင်နေခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၂ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအပါအဝင် ကလေး ငယ် ၁၈ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA က သတင်းထုတ်ပြန် သည်။ ယနေ့ စက်တင်ဘာလ...