မြိုင်မြို့နှင့် ရေဦးမြို့ရှိ စစ်တပ်ဂိတ်စခန်းများကို ၄၀ မမ၊ စနိုက်ပါဖြင့် တိုက်ခိုက်၊ စစ်သား ၁ ဦး သေဆုံး
D Day News
စက်တင်ဘာလ ၉
မကွေးတိုင်း၊ မြိုင်မြို့မီးသတ်ဂိတ်ရှိအကြမ်းဖက်စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၈ ရက် နံနက် ၁ နာရီ ၃၀ မိနစ်အချိန်က မြိုင်မြို့ အနောက်ဘက် ဈေးနှင့် ပန်းခြံအနီး မီးသတ်ဂိတ်စခန်းဂိတ် အကြမ်းဖက်စစ်သား၊ ရဲများကို မြိုင်ပကဖတပ်ဖွဲ့ဝင်များမှ စနိုက် ပါဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ မီးသတ်ဂိတ်စခန်း ဘန်ကာအတွင်းမှ သေနတ်လွယ်၍ ထွက်လာသော စစ်သား ၁ ဦးလဲကျသေဆုံးသွားကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့ ကြာဖူးအဝိုင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေး ရေး ဂိတ်ကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Freedom Revolution Force – FRF ထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၈ ရက် ညနေ ၂ နာရီ ၂၂ မိနစ်အချိန်တွင် ရေဦးမြို့၊ ကြာဖူးဝိုင်းစစ်ဆေးရေး ဂိတ်ရှိ ခမရ ၈၉ ၊ ခမရ ၃၆၈ နှင့် ပြည်သူ့စစ် ပူးပေါင်းအင်အား (၂၀) ဦးခန့်ကို ၄၀ မမ ဗုံးသီး ၈ လုံး ဖြင့် ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Freedom Revolution Force (FRF) အထူးလှုပ်ရှား တပ်ခွဲ (၂) နှင့် Wolf Guerrilla အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
D Day News