လားရှိုးမြို့တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ဒုတိယအကြိမ် လေယာဉ်ဖြင့် ဗုံးကျဲမှုသည် လူသား မျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်မှုဖြစ်ပြီး ဟိုတယ်၊စာသင်ကျောင်း၊ လူနေအိမ်နှင့် ကား ၁၉ စီး ပျက်စီးဟု MNDAA ထုတ်ပြန်
D Day News
စက်တင်ဘာ ၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ဒုတိယအကြိမ် လေယာဉ် ဖြင့် ဗုံးကျဲတိုက်ခိုက်မှုသည် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်မှုဖြစ်ပြီး ဟိုတယ်၊စာသင် ကျောင်း၊ လူနေအိမ်နှင့် ကား ၁၉ စီး ပျက်စီးခဲ့ကြောင်း MNDAA ထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီက လားရှိုးမြို့ကို ပထမအကြိမ်အဖြစ် သြဂုတ် ၃၀ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် စက်တင်ဘာ ၈ ရက်နေ့ နံနက် ၄ နာရီတွင်လည်း ကောင်း လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်က တိုက်ပွဲ မရှိသော နေရာများရှိ ပြည်သူ့အဆောက်အအုံများ နှင့် လူနေအဆောက်အအုံများကို အကြိမ်ကြိမ် လေကြောင်းမှ စီးနင်းတိုက် ခိုက်ခဲ့ရာ ပြည်သူများ၏ အသက်နှင့် သေဆုံးမှုကို လုံးဝဂရုမစိုက်ဘဲ မြို့နေလူထုကို အလွန်ထိတ်လန့်စေခဲ့ကြောင်း၊ ထိုသို့ သော လူသားမျိုးနွယ် အပေါ် တမင်တကာ ရာဇ၀တ်မှုများသည် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသည့် ပါတီအားလုံး၏ ကြိုးပမ်းအားထုတ်မှုနှင့် ငြိမ်း ချမ်းရေးအတွက် လိုလားတောင့်တ သော ပြည်သူတို့၏ဆန္ဒကို စစ်ကောင်စီက ရိုင်းစိုင်းသောအပြုအမှုဖြင့် လူ့အခွင့်အရေးကို ကြမ်း ကြုတ်စွာ ချိုးဖောက်ပြီး နိုင်ငံတကာ စည်းမျဥ်းကို ဆိုးရွားစွာ ဖျက်ဆီးနေသည်မှာ သေချာကြောင်း MNDAA က ကြေညာလိုက်သည်။
စက်တင်ဘာ ၈ ရက် နံနက် ၄ နာရီ ၃ မိနစ်အချိန်နှင့် နံနက် ၄ နာရီ ၈ မိနစ်အချိန် စစ်ကောင်စီ၏ လေယာဉ်များက လားရှိုးမြို့ကို လေကြောင်းမှ ဗုံး ၂ လုံး ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရပ်ကွက် ၁၂ အားကစားရုံနှင့် ရေပူစမ်း အနီးရှိ Silver Sky ဟိုတယ်အနီးတွင် ဗုံးများ ဆက်တိုက်ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခဲ့သော လားရှိုးမြို့ ရပ်ကွက် ၁၂ အားကစားရုံတွင် စစ်ပွဲအတွင်း လား ရှိုးမြို့ခံများ ခိုးယူခံရသည့် မော်တော် ဆိုင်ကယ်နှင့် ကား အမြောက်အမြားကို အထူးဒေသ ရဲတပ်ဖွဲ့ က ပြန်လည်တွေ့ရှိပြီးနောက် ပြည်သူများ ပြန်လည်တောင်းဆိုမှုရာတွင် လွယ်ကူစေရန် ယင်းနေရာ ၌ ခေတ္တသိမ်းဆည်းထားခြင်းဖြစ်ကြောင်း သိရသည်။
အာဏာသိမ်းတပ်ဖွဲ့၏ လေကြောင်းဗုံးကျဲ တိုက်ခိုက်မှုကြောင့် လူအများအပြား၏ မော်တော်ယာဉ် များ ဆိုးရွားစွာ ပျက်စီးခဲ့ပြီး အားကစားကွင်း၏ အဆောက်အဦများလည်း ပြင်းထန်စွာ ပျက်စီးစေခဲ့ ကြောင်း၊ အသေးစိတ်စာရင်းဇယားများအရ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ကုန်တင်ကား ၄ စီးနှင့် ကား ၁၅ စီး ပေါက်ကွဲပျက်စီးစေခဲ့ပြီး အခြားယာဉ်များလည်း အမျိုးမျိုးသောထိခိုက်ပျက်စီးမှုရှိ ကြောင်း သိရသည်။
ထို့ပြင် လားရှိုးမြို့ ရပ်ကွက် ၁၂ ရေပူစမ်း အနီးရှိ Silver Sky ဟိုတယ် အနီးရှိ လယ်မြေများတွင် ဗုံးကျ ရောက်ပေါက်ကွဲမှုကြောင့် ဟိုတယ်ကို ပြင်းထန်စွာ ထိခိုက်ခဲ့ပြီး ဟိုတယ်အတွင်းရှိ ပစ္စည်းများနှင့် အဆောက်အဦများ ဆက်တိုက် ပျက်စီးခဲ့ကြောင်း၊ ဗုံးကြောင့် ပျက်စီးဆုံးရှုံးမှုများကို ရေတွက်ရန် သက်ဆိုင်ရာဌာနများက ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် လားရှိုးမြို့၌ စစ်ပြီးခေတ် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများသည် သိသာထင်ရှား သော ရလဒ်များ ထွက်ပေါ်လာပြီး ပြည်သူများ၏ ထုတ်လုပ်မှုနှင့် ဘဝသည် တဖြည်းဖြည်း လမ်း ကြောင်းမှန်ပေါ်နှင့် တည်ငြိမ်မှုဆီသို့ မှန်မှန် ရွေ့လျားလာနေကြောင်း MNDAA က ထုတ်ပြန်ပြောဆို သည်။
D Day News