Mandalay News

Mandalay News

မြင်းခြံ-နွားထိုးကြီး ကားလမ်းပိုင်း လုံခြုံရေး စစ်ဆေးစဉ် ဆိုင်ကယ်ဖြင့် ရောက်လာသည့် စစ်သား ၂ ဦးကို လက်ပစ်ဗုံးတစ်လုံးနှင့်အတူ ဖမ်းမိ

 

D Day News

စက်တင်ဘာလ ၈

 

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံ-နွားထိုးကြီးကားလမ်းပိုင်း၌ နယ်မြေလုံခြုံရေး စစ်ဆေးစဉ် ဆိုင် ဖြင့်ရောက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးကို လက်ပစ်ဗုံးတစ်လုံးနှင့်အတူ ဖမ်းမိခဲ့ ကြောင်း Myingyan Ranger တပ်ဖွဲ့ထံမှ သိရသည်။

 

စက်တင်ဘာလ ၆ ရက်နေ့က မြင်းခြံခရိုင် အထူးစစ်ဆင်ရေး MDSO ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် မြင်းခြံ-နွားထိုးကြီးကားလမ်း ပိုင်းကို ယာယီပိတ်ကာ နယ်မြေလုံခြုံရေး စစ်ဆေးနေစဉ် မြင်းခြံမြို့ ပေါ်မှ လာသော ဆိုင်ကယ်တစ် စီးအား မသင်္ကာသဖြင့် တားဆီးစစ်ဆေးခဲ့ကြောင်း၊ထိုသို့ တားဆီး စစ်ဆေးသူနှစ်ဦးမှာ မြင်းခြံမြို့ ပေါ်တွင် တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဖြစ်နေပြီး လက်ပစ်ဗုံး ၁ လုံး နှင့်အတူ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါလမ်းပိုင်းစစ်ဆေးမှုနှင့် စစ်ကောင်စီတပ်သား ၂ ဦးဖမ်းဆီးမှုကို Myingyan Ranger အဖွဲ့(ပြည် သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၃ )၊ မြင်းခြံခရိုင် အမှတ် ၁ တပ် ရင်း ၊ Freedom Fighter Guerrilla Force (FFGF) နှင့် ရဲခေါင်ပျောက်ကြား တပ်ဖွဲ့တို့ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီးကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာတို့ကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ၄ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ...