CDM News

CDM News

ဝက်လက်မြို့မရဲစခန်း တာဝန်ကျနေသော ကလေးစစ်သား ၁ ဦး လက်နက် ၂ လက်ယူဆောင်ပြီး အလင်းဝင်၊ ငွေကျပ် ၆၅ သိန်းဆုချီးမြှင့်

 

D Day News

စက်တင်ဘာလ ၇

 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မရဲစခန်းတွင် တာဝန်ကျနေသော ကလေးစစ်သား ၁ ဦးသည် လက်နက် ၂ လက်ယူဆောင်ပြီး အလင်းဝင်ရောက်လာသဖြင့် ငွေကျပ် ၆၅ သိန်း ဆုချီးမြှင့်ပေးခဲ့ကြောင်း ရွှေဘို ခရိုင် အမှတ် ၂ တပ်ရင်းထံမှ သိရသည်။

 

စက်တင်ဘာလ ၅ ရက် နံနက် ၂ နာရီ မိနစ် ၅၀ အချိန်က ဝက်လက်မြို့မရဲစခန်းတွင် တာဝန်ကျနေ သော အသက် ၁၆ နှစ်အရွယ် ကလေးစစ်သား ၁ ဦးသည် ၎င်း၏ အထက်အရာရှိ ဗိုလ်ကြီး ကျော်မင်း ခိုင် အရက်သောက်မူးပြီးအိပ်ပျော်နေချိန် ၎င်းကိုယ်တိုင်ကလည်း ကင်းတာဝန်ကျနေချိန် တိုက်ဆိုင် သွားသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံဆက်သွယ်ကာ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

“သူက တပ်စိပ်မှူးအဆင့်ဖြစ်နေပြီ။ ၂၀၂၁ ခုနှစ် အသက် ၁၄ နှစ်သားကတည်းက တပ်ထဲရောက် တာ။ အရင် ဝက်လက်မှာတာဝန်ကျနေတဲ့ ဗိုလ်ကြီး ထက်အောင်ကျော်က ခြိမ်းခြောက်ပြီး စစ်ထဲ ထည့်လိုက်တာ၊ သူတစ်ခုခုလုပ်ရင် မိသားစုကို ဘာလုပ်မယ်၊ ညာလုပ်မယ်ခြိမ်းခြောက်တာနဲ့ပါသွား တာ။ သင်တန်းကို ရွှေဘိုအခြေစိုက် အမှတ် ၈ လေ့ကျင့်ရေးသင်တန်းကျောင်း စခတ ၈ မှာ ၄ လ တက်ခဲ့ရတယ်လို့ သိရတယ်။ သင်တန်းဆင်းပြီးတော့ ဝက်လက်မှာပဲ ပြန်တာဝန်ချပေးတာ၊ ဝက် လက်နယ်ထဲ စစ်ကြောင်းထိုးတာမှာ အကုန်လိုက်ခဲ့ဖူးတယ်လို့ ပြောတယ်။” ဟု ရွှေဘို ခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ အလင်းဝင်ရောက်လာစဉ် AK 47 သေနတ် အမျိုးအစား ၁ လက်၊ ကာဘိုင် အမျိုးအစား သေ နတ် ၁ လက်၊ ကာဘိုင်ကျည် ၁၄၅ တောင့်၊ ၇ ဒသမ ၆၂ ကျည် အတောင့် ၂၀ ယူဆောင်ခဲ့ကြောင်း၊ လက်နက်နှင့်တကွ အလင်းဝင်ရောက်လာနိုင်သည့် စစ်သားကို ရွှေဘိုခရိုင် အမှတ် ၂ တပ်ရင်း တာဝန် ရှိသူများက ငွေကျပ် ၆၅ သိန်းချီးမြှင့်ပေးထားကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

မြိုင်မြို့နယ်၊ ဗဟင်းရွာရှိ ထမင်းဆိုင်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု PDF တပ်ဖွဲ့ ဝင် ၄ ဦးနှင့် ဆိုင်ရှင်သားအမိ ၂ ဦး သေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၁   မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းရွာရှိ ထမင်းဆိုင်ကို အကြမ်းဖက်...