မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီဂိတ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ပြီး စစ်တပ်လက်အောက်ခံ စည်ပင် ရုံး၊ ဥပဒေရုံးနှင့် ကြံ့ဖွတ်ရုံးတို့ကို မီးရှို့ဖျက်ဆီး (ရုပ်သံ)
D Day News
စက်တင်ဘာလ ၇
မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းများကို 8+ အညာမြေစစ်ဆင်ရေးအဖြစ် ဝင်ရောက်တိုက်ခိုက်ကာ စစ်တပ်လက်အောက်ခံ စည်ပင်ရုံး၊ ဥပဒေရုံးနှင့် ကြံ့ဖွတ်ရုံးတို့ကို မီးရှို့ဖျက် ဆီးခဲ့ကြောင်း M.V.P Revolution Force ထံမှ သိရသည်။
ယနေ့ စက်တင်ဘာလ ၇ ရက် နံနက် ၇ နာရီမှ စတင်ပြီး မြိုင်မြို့ အရှေ့ဘက် မြိုင် -ပခုက္ကူလမ်းပိုင်း ပေါ်ရှိ စစ်တပ်ဂိတ်နှင့် နှစ်ထပ်တိုက်တို့ကို ဝင်ရောက်ခိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီကျော်ကြာမြင့်ခဲ့ကြောင်း၊ ယင်းဂိတ်အနီးရှိ နှစ်ထပ်တိုက်ဘန်ကာကို ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ ကြောင်း သိရသည်။
https://youtu.be/T7vn4AVn5Mc
ယင်းနှစ်ထပ်တိုက်ဘန်ကာ သိမ်းပိုက်နိုင်ခဲ့သော်လည်း ဘန်ကာအနီးရှိ ကျန်ရှိနေသော ဘန်ကာ များကို ဖြိုဖျက်ရန် လက်နက်ကြီးအားနည်းခြင်း၊ ခဲယမ်းမလုံလောက်ခြင်းတို့ကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရပြီး မြိုင်မြို့အတွင်းရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ စည်ပင်ရုံး၊ ဥပဒေရုံးနှင့် ကြံ့ ဖွတ်ရုံးတို့ကိုလည်း ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးပေးခဲ့ကြောင်း သိရသည်။
“ဘန်ကာထုထည်ကကောင်းတော့ အနည်းအများတော့ထိတာရှိမယ်။ ကျနော်တို့ဘန်ကာအနီးအနား အထိကပ်နိုင်ခဲ့တာ။ ဖြိုဖို့ကျတော့ RPG က ပါမလာခဲ့ဘူး။ ပြီးတော့ ဘန်ကာက ၅ လောက်ထပ်တိုး သွားတာ။ အနီးအနားရွာက လူတွေကို ခေါ်ပြီး လုပ်ခိုင်းထားတာလို့ သိရတယ်။ ပြီးတော့ ကျည်ပြတ် တာရောဆိုတော့ ပြန်ဆုတ်ခဲ့ရတာ။ စည်ပင်ရုံးကတော့ မီးရှို့နိုင်ခဲ့တယ်။ စည်ပင်ရုံးမီးရှို့တဲ့အချိန်မှာ စခန်းထဲက ထွက်လာမယ့်စခတွေကို ကြံ့ခိုင်ရေးရုံးထဲကနေ စောင့်တာ။ သူတို့စခန်းနဲ့လာရင် ၅ မိနစ် လောက်ဆိုရင်ရောက်တယ်။ သူတို့ထွက်ဖို့လုပ်ပေမယ့် ကျနော်တို့က လက်ဦးမှု ရယူထားတော့ စခန်း အပေါက်ဝနားပဲထွက်တာ။ လာရင်တော့ အပိုင်ကြိတ်ဖို့စောင့်နေတာ” ဟု M.V.P Revolution Force မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို 8+အညာမြေစစ်ဆင်ရေးအဖွဲ့ ၊ M.V.P Revolution Force ၊ မြိုင်ပကဖ၊ မုံရွာ ခရိုင်းတပ်ရင်း ၂၇ တပ်ခွဲ ၃ သိန်းငှက်တပ်ဖွဲ့၊ အညာမြေတပ်ပေါင်းစု၊ ဆင်ရိုင်းရာဇာ၊ God of Myaing ၊ တပ်ရင်း ၁၆ တပ်ခွဲ ၃ ၊ Anya Myay Guerilla Force Myaing ၊ Corba People Defense Force ၊ ကိုမုဆိုးအဖွဲ့ ၊ PKU Underground Force ၊ တမာမြေပြောက်ကျားတပ်ဖွဲ့ -မြိုင်၊ ဓာမင်းကြီးတပ်ဖွဲ့၊ ဂဋ္ဌုန် တပ်ရင်း ၁ တပ်ခွဲ ၂ နှင့် မြိုင်မြို့နယ် Drone အဖွဲ့များ ပူးပေါင်ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
D Day News