Magway News

Magway News

ပခုက္ကူမြို့နယ်၊ မြောက်လူးကန်ရွာ တိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၁၇ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၆

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူလေယာဉ်ကွင်းအနောက်ဘက်ရှိ မြောက်လူးကန်ကျေးရွာ တိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၁၇ ဦးသေဆုံးခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၅ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်က ပခုက္ကူမြို့နယ်၊ ပခုက္ကူ လေ ယာဉ်ကွင်း အနောက်ဘက် မြောက်လူးကန် ကျေးရွာ ဘုန်းကြီးကျောင်း၌ အင်အား ၁၀၀ ခန့်ဖြင့် အ ထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုနတ်မိကျောင်းစစ်ဆင်ရေး စခန်း သိမ်းတိုက်ပွဲအဖြစ် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“မနေ့က တိုက်ပွဲမှာက ၁၇ ဦးသေပါတယ်။ မျက်မြင်တိုက်ပွဲအတွင်းသေတာက ၉ ဦးရှိတယ်။ ဆေးရုံ ရောက်ပြီးမှ ထပ်သေတာရှိတယ်။ စခန်းသိန်းမစ်ရှင်ပြုလုပ်ခဲ့ပေမယ့် အခြေအနေတစ်ခုကြောင့် မ သိမ်း လိုက်နိုင်ခဲ့ဘူး။ ဒီထက်ပိုမိုတိုက်ခိုက်နိုင်ဖို့ ထောက်ပံ့ဝန်းရံပေးကြဖို့မေတ္တာရပ်ခံပါတယ်” ဟု Southern YSO PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ပြောဆိုထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Southern YSO PDF ၊ ဒေါင်းညီနောင် ၊ Yesagyo Revolution Group -YRG ၊ ဒေါင်းသွေးနီ ၊ ပြည်သူ့အားမာန် King Cobra စသည့် မဟာမိတ်ညီနောင်များ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Karenni State News

Karenni State News

ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်း အရှေ့ဘက်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၀   ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်းအရှေ့ဘက်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ် က လက်နက်ကြီးများဖြင့်...