Karen News

Karen News

တောင်ငူ-သံတောင် လမ်းပိုင်းတွင် တိုက်ပွဲ ၄ ကြိမ်ဖြစ်ပြီး စစ်Oား ၃ ဦး သေဆုံး (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၆

 

ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် အစပ် တောင်ငူ-သံတောင် လမ်းပိုင်းတွင် တိုက်ပွဲ ၄ ကြိမ် ဖြစ်ပြီး စစ် သား ၃ ဦးသေဆုံးခဲ့ကြောင်း KNLA တပ်မဟာ(၂) တပ်ရင်း (၅) Thawthikho တပ်ဖွဲ့ ထံမှ သိရသည်။

 

စက်တင်ဘာလ ၃ ရက်နေ့က တောင်ငူ-သံတောင် လမ်းပိုင်းရှိ ၅ မိုင်နှင့် ၆ မိုင် အကြားတွင် အကြမ်း ဖက် စစ်တပ်နှင့် တပ်မဟာ (၂ ) ကော်မာဒို စစ်ကြောင်းတို့ ထိတွေ့ တိုက်ပွဲ ၃ ကြိမ် ဖြစ်ခဲ့ပြီး အကြမ်း ဖက် စစ်သား ထိခိုက်သေဆုံးမှုများစွာရှိခဲ့ကြောင်း သိရသည်။

https://youtu.be/NuXa06ubuYU

အလားတူ စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင်လည်း သံတောင်ကြီးမြို့လမ်းရှိ တောပြာကြီးစခန်း အနီးတစ်နေရာတွင် အကြမ်းဖက် စစ်တပ်နှင့် တပ်မဟာ (၂) တပ်ရင်း (၅) လက် အောက်ခံ တပ်ခွဲ (၃) နှင့် ပြောက်ကျား ပူးပေါင်းတပ်ဖွဲ့များ အကြား ထိတွေ့ တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး သေဆုံးကာ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဒီပဲယင်းမြို့နယ်တွင် Y-8 လေယာဉ်ဖြင့် ချပေးသည့် ပစ္စည်းထုပ်များကို လာရောက်ကောက်ယူသည့် စစ်သားများ တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေဆုံး (ရုပ်သံ)

ဒီပဲယင်းမြို့နယ်တွင် Y-8 လေယာဉ်ဖြင့် ချပေးသည့် ပစ္စည်းထုပ်များကို လာရောက်ကောက်ယူသည့် စစ်သားများ တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၉ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် Y-8 လေယာဉ်ဖြင့် ချပေးသည့် ထောက်ပို့ပစ္စည်းများကို လာရောက်ကောက်ယူသည့် စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း အဖြူရောင် ဒီပဲယင်းပကဖ ထံမှ သိရသည်။ ယမန်နေ့ စက်တင်ဘာလ ၇ ရက် ညနေ...