Pakokku News

Pakokku News

ကမ္မမြို့နှင့် သာကြီးရေနံမြေကြား၌ ချင်းပြည်တက်မည့် ရိက္ခာပို့ စစ်ယာဉ်တန်းမှ ၈ စီးကို မီးရှို့ ဖျက်ဆီး (ရုပ်သံ)

 

D Day News

ဧပြီလ ၅

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့နှင့် သာကြီးတောင်ရေနံမြေကြားတွင် ချင်းပြည်နယ်သို့ ရိက္ခာပို့ ရန်ထွက်ခွာလာသည့် စစ်ယာဉ်တန်းမှ ယာဉ် ၈ စီးကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း အနောက်လွင်ပြင် LPDF ထံမှ သိရသည်။

 

ဧပြီလ ၂ ရက်နေ့က ပခုက္ကူမြို့ အမှတ် ၁၀၁ မြေမြန်တပ်မ ဌာနချုပ်မှ ယောဒေသနှင့်ချင်းပြည်နယ် သို့ ရိက္ခာပို့ရန် ဦးတည်ထွက်ခွာလာသော အကြမ်းဖက်စစ်သား ၇၀၀ ခန့်ပါ စစ်ယာဉ်တန်းသည် ကမ္မ မြို့၊ ဂျိုးပျံရပ်ကွက်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်ယာဉ်တန်းနှင့် စစ်သားများကို သာကြီးတောင် ရေနံမြေ အနီးအရောက် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၄၀ ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ် သားများမှာ ထွက်ပြေးသွားသဖြင့် စစ်ယာဉ်တန်းမှ ထောက်ပို့ပစ္စည်များတင်ထားသည့် ယာဉ် ၈ စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

https://youtu.be/-RmZmh77bdM

ယင်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ပေါင်းစုများ၏ စည်းလုံးညီညွှတ်မှုနှင့် ဗျူဟာ ပြောင်မြောက် တိုက်စွမ်းအား တို့ကြောင့် ယာဥ်တန်း၌ လိုက်ပါလာသော အကြမ်းဖက် စစ်သား များ မှာ တိုက်ပွဲ စတင်ဖြစ်ပွားကတည်းကထွက်ပြေးသွးကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို အနောက်လွင်ပြင် LPDF ၊ ပခုက္ကူ ခရိုင် တပ်ရင်း ၁၃၊ BLY ပြောက်ကြားတပ် ဖွဲ့၊ ဧရာအနောက် ပြောက်ကျားတပ်ဖွဲ့ (ကမ္မတပ် ပေါင်းစု) ၊ PDF Kamma (ကမ္မတပ်ပေါင်းစု)၊ PDO /PDA၊ PRF နှင့် နယ်စီးမခြား ဖရီးဒမ်းဖက်ဒရယ် စစ်ကြောင်း (၁) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပုလောမြို့နယ်၊ တမိုင်းတောင်စခန်းကုန်းကို သိမ်းပိုက်ဝင်ရောက်တိုက်ခိုက်မှု စစ်သား အားလုံး ထွက်ပြေး (ရုပ်သံ)

ပုလောမြို့နယ်၊ တမိုင်းတောင်စခန်းကုန်းကို သိမ်းပိုက်ဝင်ရောက်တိုက်ခိုက်မှု စစ်သား အားလုံး ထွက်ပြေး (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမိုင်းတောင်စစ်တပ်စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား အားလုံး ထွက်ပေးသွားကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ ဩဂုတ်လ ၁၇ ရက် နေ့ကကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မြိတ်ထား -ဝယ်ခရိုင် ပုလော (လယ်မူလာ)မြို့နယ်၊ အောင်ပူ(အင်ဖုံး) ကျေးရွာအုပ်စုအတွင်း အာဏာသိမ်းစစ်ကောင်စီ ခလရ...