PDF News

PDF News

အမှတ် ၂ စစ်ဒေသခွဲကွက်ကဲမှုအောက်ရှိ ပဲခူးတိုင်းနှင့်မွန်ပြည်နယ်တွင် ဩဂုတ်လအတွင်းတိုက်ပွဲ ၃၂ ကြိမ်ဖြစ်ပြီး စစ်သား ၁၄၀ ဦးသေဆုံးကာ လက်နက်မျိုးစုံ ၃၀ ကျော် သိမ်းဆည်းရရှိ

 

D Day News

စက်တင်ဘာလ ၅

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ ကွပ်ကဲမှု အောက်ရှိတပ်များ လှုပ်ရှားသည့် ပဲခူးတိုင်း၊ မွန်ပြည်နယ်အပါအဝင် မြို့နယ်ပေါင်း ၂၀ တွင် ဩဂုတ် လ အတွင်း တိုက်ပွဲ ၃၂ ကြိမ်ဖြစ်ပြီး အကြိမ်ဖြစ်ပြီး စစ်သား ၁၄၀ ဦးသေဆုံးကာ လက်နက်မျိုးစုံ ၃၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၂ စစ်ဒေသခွဲက ထုတ်ပြန်သည်။

 

ဩဂုတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တောင်ပိုင်း စစ် ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲကွပ်ကဲမှုအောက်ရှိတပ်များ လှုပ်ရှားသည့် ပဲခူးတိုင်း၊ မွန်ပြည်နယ် အပါ အဝင် မြို့နယ်ပေါင်း (၂၀) တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်များ ထိတွေ့တိုက်ပွဲ ၃၂ ကြိမ်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၄၀ ဦးသေဆုံးကာ ၉၅ ဦး ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် လက်နက်အမျိုးအစားအစုံအလင် အလက်ပေါင်း ၃၀ ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

Made with LogoLicious Add Your Logo App

အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာ ကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့များ၊ ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်ဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တပ်များ ပူးတွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှ ရဲဘော် ၁ ဦးကျဆုံးခဲ့ကာ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ် တိုက် ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁၈ ဦးသေဆုံးကာ ၃၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း အမှတ် ၂ စစ်ဒေသခွဲက ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးပြီး လက်နက်ခဲ ယမ်း အများ အပြား သိမ်းဆည်းရရှိ

ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးပြီး လက်နက်ခဲ ယမ်း အများ အပြား သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။ စက်တင်ဘာလ ၄ ရက်နေ့က ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၈၀၀ ခန့်...